သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် အခြေချနေထိုင်သူတွေ တရားဝင်ဖြစ်လာမယ့် ဥပဒေမူကြမ်း


အမေရိကန်နဲ့ မက္ကဆီကို နယ်ခြားဒေသ။
အမေရိကန်နဲ့ မက္ကဆီကို နယ်ခြားဒေသ။
အမေရိကန်မှာ သေနတ် လက်နက်ထိန်းချုပ်ရေး ဥပဒေကို အတည်ပြုပေးဖို့ကိုလည်း အိမ်ဖြူတော်က ဖိအားပေးတိုက်တွန်းမှုတွေ ရှိနေပါတယ်။

မြောက်ကိုရီးယားရဲ့ အမေရိကန်ကို ခြိမ်းခြောက်မှုကလည်း အမေရိကန်နိုင်ငံရေးလောကမှာ အရေးတကြီး ဆွေးနွေးစရာ ကိစ္စတစ်ရပ်ဖြစ်လာပါတယ်။

အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေမှာ အဓိက အတားအဆီးတစ်ခုကို ဖယ်ရှားဖို့ အလားအလာ ရှိတဲ့ ဧည့်သည် လုပ်သားတွေ ပြည်ဝင်ခွင့်နဲ့ အလုပ်အကိုင်ပေးရေး အစီအစဉ်တစ်ခုကို အမေရိကန် စီးပွားရေးနဲ့ သမဂ္ဂခေါင်းဆောင်တွေက သဘောတူ ဆောင်ရွက်ဖို့ ရှိနေပါပြီ။ အမေရိကန်သမ္မတ ကိုယ်တိုင်ကလည်းပဲ အမေရိကန်မှာ ရှိနှင့်ပြီးသား တရားမဝင်နေထိုင်သူ ၁၁ သန်းကို တရားဝင် နေထိုင်ခွင့် ပေးနိုင်ဖို့နဲ့ နောက်ထပ် တရားမဝင် ဝင်ရောက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်တားဆီးရေးတွေအတွက် နယ်ခြားဒေသတွေကို ပိုပြီးလုံခြုံအောင် ဆောင်ရွက်ဖို ဥပဒေမူကြမ်းပြင်ဆင်နေပါတယ်။

အမေရိကန်နိုင်ငံရေးနဲ့ ပြည်ပကနေ အမေရိကန်ကို ဝင်ရောက်လာသူတွေရဲ့ အရေးတို့ရဲ့ ဆက်နွယ်နေပါတယ်။ ဒီလို အကြောင်းအရာတွေကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြပေးထားပါတယ်။
XS
SM
MD
LG