သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော့စ်တွန်မြို့ မာရသွန်ပြေးပွဲ ဗုံးဖောက်ခွဲမှု


ဘော့စ်တွန်မြို့၊ မာရသွန်ပြေးပွဲကျင်းပစဉ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်မြင်ကွင်း (ဧပြီ ၁၆၊ ၂၀၁၃)
ဘော့စ်တွန်မြို့၊ မာရသွန်ပြေးပွဲကျင်းပစဉ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်မြင်ကွင်း (ဧပြီ ၁၆၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့ မာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုကို ဘယ်သူက ဘာကြောင့်ပဲ ကျူးလွန်၊ ကျူးလွန် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိပါးတဲ့ လုပ်ရပ်ကျူးလွန်သူကို တွေ့အောင် ရှာဖွေ ဖော်ထုတ် အရေးယူသွားဖို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံ့လွတ်လပ်မှုကို သာမက အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်ကိုပါ ထိခိုက်စေတဲ့ မုန်းတီးမှု၊ မကျေနပ်မှုတွေ အတော်များများရှိနေတယ်ဆိုတာ စက်ဆုတ်ဖွယ်ရာ တိုက်ခိုက်မှု ကနေ အသိပေးလိုက်တာဖြစ်တဲ့အကြောင်း လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်၊ မက်ကောနယ် က ပြောပါတယ်။ စက်တင်ဘာ ၁၁ အကြမ်းဖက်မှု နောက်ပိုင်း အတော် အတန် ကာကွယ်ပေးနိုင်ခဲ့ပေမဲ့ အခု ဘော့စ်တွန်မှာဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် လူတိုင်းအနေနဲ့ ခြိမ်းခြောက်မှု အန္တရာယ်ရှိနေသေးတာကို သဘောပေါက်ပြီး မမေ့လျော့ဖို့ လည်း ပြောခဲ့တဲ့အကြောင်း ဒီတစ်ပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။
XS
SM
MD
LG