သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုနောက်ဆုံးနေ့


အမေရိကန်သမ္မတ Barack Obama နဲ့ Republican သမ္မတလောင်း Mitt Romney
အမေရိကန်သမ္မတ Barack Obama နဲ့ Republican သမ္မတလောင်း Mitt Romney
ဒီကနေ့ ကျင်းပဖို့ ရှိတဲ့ အမေရိကန်သမ္မတရွေးပွဲအတွက် အမေရိကန်သမ္မတ Barack Obama နဲ့ ရီပက်ပလင်ကမ် စိန်ခေါ်သူ Mitt Romney တို့ဟာ အကြိတ်အနယ် ယှဉ်ပြိုင် ရမယ့် ပြည်နယ်တွေမှာ ထောက်ခံမှု ပိုရအောင် အစွမ်းကုန်မဲဆွယ်နေကြပါပြီ။

Wisconsin ပြည်နယ်မှာ သမ္မတ Obama က မစ္စတာ Romney ဟာ အတိတ်တုန်းက မှားခဲ့တဲ့ အယူအဆတွေကို ပြန်ဖော်ထုတ်ဖို့ ကြိုးစားနေပြီးတော့ လူလတ်တန်းစားတွေ ခိုင်မာတောင့်တင်းမှု မရှိဘဲနဲ့ တိုင်းပြည်ဟာ အောင်မြင်မှု မရနိုင်ဘူးလို့ ပြောလိုက်ပါတယ်။
တောင်ပိုင်း Florida ပြည်နယ်မှာတော့ မစ္စတာ Romney က သမ္မတ Obama ဟာ ၂၀၀၈ခုနှစ် ရွေးကောက်ပွဲ အနိုင်ရဖို့ ပြောခဲ့တဲ့ ကတိစကားတွေကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၅၀ အနက် ပြည်နယ် အနည်းငယ်ကသာ အင်္ဂါနေ့ ရွေးကောက်ပွဲမှာ အဓိက အဆုံးအဖြတ်ပေးမှာဖြစ်ပြီးတော့ ကျန်တဲ့ပြည်နယ် အများစုကတော့ သူ့ဘက်၊ ကိုယ့်ဘက် ပြတ်ပြတ်သားသား ရပ်တည်နေကြပြီဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။

အမေရိကန်သမ္မတရွေးပွဲမှာ လူထုမဲအရေအတွက်နဲ့ ဆုံးဖြတ်တာ မဟုတ်ပဲ၊ ပြည်နယ်တခုစီရဲ့ လူဦးရေ အချိုးအတိုင်း စီစဉ်ထားတဲ့ electoral college လို့ခေါ်တဲ့ သမ္မတရွေးချယ်ရေး စနစ်အရ ရွေးချယ်တာ ဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ပြည်သူတွေက ကြိုတင်စနစ်အရ မဲထည့်ခဲ့ကြပြီဖြစ်ပေမဲ့ အများစုကတော့ အင်္ဂါနေ့ကျမှ မဲထည့်ကြမှာပါ။

လူထုဆန္ဒကောက်ယူမှုတွေအရတော့ သမ္မတလောင်းနှစ်ဦးဟာ တနိုင်ငံလုံး အတိုင်းအတာမှာ တယောက်နဲ့ တယောက် သိပ်ပြီးတော့ နီးကပ်နေပါတယ်။ ဒါပေမယ့် ပြည်နယ်တခုချင်းစီက ကောက်ယူတဲ့ ဆန္ဒကောက်ယူမှုမှာတော့ သမ္မတ Obama က Florida ကလွဲရင် ကျန်တဲ့ပြည်နယ်တွေမှာ မသိမသာ ရှေ့က ပြေးနေပါတယ်။
XS
SM
MD
LG