သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးအကျပ်အတည်းကို ကျော်လွှားဖို့ ပါတီကြီး နှစ်ရပ်က ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုရင် မတ်လ (၁) ရက်နေ့ကစပြီး အစိုးရအသုံးစရိတ်တွေကို ဖြတ်တောက်ရတော့ မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အစိုးရလုပ်ငန်းတိုင်းရဲ့ ဌာနတိုင်းက ၁၀ % စီ လျှော့ချရမှာဖြစ်ပါတယ်။ လိုငွေပြမှုဟာ အမေရိကန်ဒေါ်လာပေါင်း ၁၃ တြီလီယံ ဖြစ်နေပြီး အစိုးရဆီက အသုံးစရိတ်ကို လျှော့မချနိုင်ရင် ပြည်သူဆီက အခွန်တိုးမြှင့်ကောက်ခံရမှာဖြစ်တဲ့အကြောင်း ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ သုံးသပ်တင်ပြထားပါတယ်။
XS
SM
MD
LG