အမေရိကန်ပြည်ထောင်စုကို ကြီးပွားတိုးတက်မှုအခွင့်အလမ်းတွေ ရှိတယ်လို့ ယုံကြည်ယူဆနေကြတဲ့ အမေရိကန် ပြည်တွင်း ဝင်ရောက်လာသူတွေအတွက် တရားဝင်နေထိုင်ခွင့်ရရေးကို သမ္မတ ဘာရတ်ခ်၊ အိုဘားမားက ကြိုးစားနေပါတယ်။
တချိန်တည်းမှာလည်း အမေရိကန်ကို တရားမဝင် ဝင်ရောက်နေသူတွေကိုရော ဘယ်လို တားဆီးမလဲ ဆိုတာတွေကိုလည်း အာဏာရ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင်ပါတီတို့ အကြိတ်အနယ် ဆွေးနွေးနေကြပါတဲ့ အကြောင်း ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ သုံးသပ် တင်ပြပေးထားပါတယ်။