အမေရိကန်နိုင်ငံရဲ့ ၄၄ ယောက်မြောက်သမ္မတ အိုဘားမားဟာ အမေရိကန်နိုင်ငံရဲ့ ၅၇ ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့ (ဇန်နဝါရီလ၊ ၂၁ ရက်၊ တနင်္လာနေ့) က လူထုရှေ့မှောက်မှာ ကျင်းပခဲ့ပါတယ်။
သူ့ရဲ့ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားအတွင်း လူထုကို မိန့်ခွန်းပြောခဲ့ရာမှာ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း စတဲ့ ဒေသပေါင်းစုံက ဒီမိုကရေစီအရေးကို အမေရိကန်က ထောက်ခံသွားမယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတအိုဘားမားရဲ့ ဒုတိယသက်တမ်းအစ လူထုကို ပထမဆုံးပြောတဲ့ မိန့်ခွန်း ကောက်နုတ်ချက်ကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြပေးထားပါတယ်။