လာမယ့် နိုဝင်ဘာ (၆) ရက် အမေရိကန်သမ္မတရွေးကောက်ပွဲရဲ့ Democrat သမ္မတလောင်း လက်ရှိသမ္မတ Barack Obama နဲ့ Republican သမ္မတ လောင်း Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney တို့ဟာ မဲဆွယ်စည်းရုံးပွဲကာလအတွင်း စကားစစ်ထိုးပွဲ သုံးပွဲရှိတဲ့အနက် တနိုင်ငံလုံးကို တိုက်ရိုက် ရုပ်/သံလွှင့်ပြသမယ့် ပထမဆုံးသော စကားစစ်ထိုးပွဲကို ဒီကနေ့ အောက်တိုဘာ (၃) ရက်နေ့ Colorado ပြည်နယ် Denver မြို့မှာ ဆင်နွဲှကြမှာ ဖြစ်ပါတယ်။
Mitt Ronmey ဟာ သူပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ Massachusetts ပြည်နယ်ထဲက မဲဆွယ် စည်းရုံးပွဲတွေမှာ ဒီကနေ့ စကားစစ်ထိုးပွဲ အတွက် ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ပြီးတော့ တနင်္လာနေ့က Denver မြို့ကို ရောက်ရှိလာခဲ့ပါတယ်။
စကားစစ်ထိုးပွဲနဲ့ပတ်သက်ပြီး Mitt Romneyက အနိုင်အရှူံးထက် ပိုပြီး ကြီးမားကျယ်ပြန့်မှုက သူ သို့မဟုတ် သမ္မတအိုဘားမားအပေါ် ကျရောက်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သမ္မတအိုဘားမားက အခုအခါ အနောက်ခြမ်းက Nevada ပြည်နယ်မှာ ရှိနေပြီးတော့ နောက်နေ့ Denver မြို့ကို ရောက်လာမှာပါ။ University Denver တက္ကသိုလ်မှာ သမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲမှာ ပြည်တွင်းရေးဖြစ်တဲ့ စီးပွားရေး၊ ကျမ်းမာရေးစောင့်ရှောက်မှု အရေးတွေကို အဓိကထားပြီး ပြောဆိုဝေဖန် တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တွေကတော့ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၂ ရက်နေ့တွေမှာလုပ်မယ့် ဒုတိယနဲ့ တတိယ အကြိမ် စကားစစ်ထိုးပွဲတွေမှာ အခြေအတင် ပြောဆိုကြမှာဖြစ်ပါတယ်။