ဒီနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် အခြေအတင် စကားစစ်ထိုးပွဲသုံးခု စီစဉ်ထားတဲ့အနက် သမ္မတ အိုဘားမားနဲ့ Republican သမ္မတလောင်း Mitt Romney တို့ဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် အပြန်အလှန်ပြောဆိုကြတော့မှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက် သီတင်းငါးပတ်ပဲ လိုတဲ့ အချိန်မှာ နိုင်ငံတဝန်း မှာရော၊ အကြိတ်အနယ်ပြိုင်ရမယ့် ပြည်နယ်တွေမှာပါ ကြိုတင် ထင်မြင်ချက် စစ်တမ်း ကောက်ယူချက်အရ သမ္မတအိုဘားမားက အသာစီးရနေတာ တွေ့ရပါတယ်။
သန်းကြွယ်သူဌေးကြီးလည်းဖြစ် မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သူ Republican သမ္မတ လောင်း Mitt Romney က အခွန်မပေးဘဲ အစိုးရထောက်ပံ့မှုနဲ့ အကျိုးခံစားခွင့်တွေ ရရှိနေကြတဲ့ ၄၇% သော အမေရိကန်တွေဟာ ဘာပဲဖြစ်ဖြစ် အိုဘားမားကိုပဲ မဲပေးကြမှာပဲလို့ ဒီ လဆန်းတုန်းက ပြောဆိုထားတာကို လျှို့ဝှက် အသံသွင်းပြီး ထုတ်လွှင့်ခဲ့တာကြောင့် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။
သမ္မတအိုဘားမားက Nevada ပြည်နယ်မှာ မဲဆွယ်စည်းရုံးနေသလို Mitt Romney ကတော့ စကား စစ်ထိုးကြမယ့် Colorado ပြည်နယ် Denver မြို့မှာ ရောက်ရှိနေပြီး နှစ်ဦးစလုံး စကားစစ်ထိုးပွဲအတွက် ကြိုတင် စိုင်းပြင်းနေကြပါပြီ။