သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကျော့ သမ္မတလောင်း စကားစစ်ထိုးပွဲ


အမေရိကန်သမ္မတရဲ့အကြံပေးတွေက ဒီနေ့ အင်္ဂါနေ့ညလုပ်မယ့် သမ္မတရွေးကောက်ပွဲ မျက်နှာချင်း ဆိုင် စကားစစ်ထိုးပွဲမှာ Barack Obama အနေနဲ့ ပြိုင်ဘက် Mitt Romney ထက် ပိုအားကောင်းအောင် ပြောနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ် အောက်တိုဘာ သုံးရက်မှာလုပ်တဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲတုန်းကတော့ သမ္မတ Obama အနေနဲ့ Mr. Romney နဲ့ ယှဉ်ပြောရာမှာ ပြင်ဆင်မှုအားနည်းခဲ့ပြီး အသက်မပါ သလို ပြောခဲ့တာအတွက် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ခံခဲ့ရပါတယ်။

အဲ့ဒီပွဲတုန်းက Massachusetts ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mr. Romney က Mr. Obama ထက် အများကြီး ပိုအသက်ပါပြီး အားရပါးရ တက်တက်ကြွကြွပြောနိုင်ခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

သမ္မတ Obama ရဲ့ အခုလို အရင်တခေါက်အားနည်းသွားခဲ့မှုကြောင့် အရင် လူထုစစ်တမ်းတွေ မှာ ထောက်ခံမှုနည်းခဲ့ရတဲ့ Mr. Romney အနေနဲ့ အခုလူထုထောက်ခံမှု စစ်တမ်းသစ်တွေ မှာတော့ ထောက်ခံမှု ပိုရလာနေတာကြောင့် အခုဆိုရင် သူတို့အပေါ်လူထုထောက်ခံမှု စစ်တမ်း ရလဒ်တွေက တယောက်နဲ့တယောက် မတိမ်းမယိမ်း ဖြစ်နေပါပြီ။

ခုလိုအပြိုင်အဆိုင်ဖြစ်နေချိန်မှာ ဒီနေ့ည(အမေရိကန် ဒေသစံတော်ချိန်) New York မှာလုပ်မယ့် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲက လူထုတက်ရောက်မေးမြန်းတဲ့ ပွဲမျိုးဖြစ်မှာမို့ ကြိုတင်ရွေးချယ် ထားခံထားရပြီး ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မေးခွန်းထုတ်မယ့် သူတွေ ဘက်ကလည်း Mr. Obama ကိုရော Mr. Romney ကိုပါ မေးခွန်းတွေမေးဖို့ ပြင်ဆင် ထားကြပြီး ဖြစ်ပါတယ်။

သမ္မတ Obama အနေနဲ့ ပြီးခဲ့တဲ့ တပတ်ရက်တွေ အတော်များများမှာ ဒီညစကားစစ်ထိုးပွဲအတွင်း အရင်တခေါက်ထက် ပိုကောင်းအောင် ပြောနိုင်ရေးအတွက် Virginia ပြည်နယ်က Williamburg မြို့မှာ ကြိုတင်ပြင်ဆင်နေခဲ့ပါတာမို့ သူ့အကြံပေးတွေကလည်း ဒီတခေါက်မှာ Mr. Obama အနေနဲ့ ပိုအားကောင်းမောင်းသန် ယှဉ်ပြောနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG