သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ပလစ်ကန် သမ္မတကိုယ်စားလှယ်လောင်းတွေ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပ


Rescued from flooding, people with their pets prepare to board a school bus bound for the M.O. Campbell Educational Center in north Houston, Texas, Aug. 27, 2017. The multipurpose facility is serving as a Red Cross shelter. (C. Mendoza/VOA)
Rescued from flooding, people with their pets prepare to board a school bus bound for the M.O. Campbell Educational Center in north Houston, Texas, Aug. 27, 2017. The multipurpose facility is serving as a Red Cross shelter. (C. Mendoza/VOA)

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ပလစ်ကန်ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲမှာ လူထုစစ်တမ်းတွေမှာ ရှေ့က ပြေးနေတဲ့ ဘီလီယံနာ သူဌေးကြီး Donald Trump ကို တခြား ကိုယ်စားလှယ်လောင်းတွေက ပစ်မှတ်ထား တိုက်ခိုက်နေကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ စကားစစ်ထိုးပွဲမှာ လူထုစစ်တမ်းတွေမှာ အနိမ့်ဆုံး ၄ နေရာမှာ ရှိနေကြတဲ့ Louisiana ပြည်နယ် အုပ်ချုပ်ရေးမှူး Bobby Jindal၊ တောင်ကယ်ရိုလိုင်းနား ပြည်နယ်က အထက်လွှတ်တော်အမတ် Lindsey Graham၊ Pennsylvania ပြည်နယ်က အထက်လွှတ်တော်အမတ်ဟောင်း Rick Santorum နဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း George Pataki တို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပါတယ်။

Donald Trump ဟာ ရီပတ်ပလစ်ကန်ပါတီရဲ့ လမ်းစဉ်ဖြစ်တဲ့ ရှေးရိုးစွဲဝါဒအပေါ် အမှန်တကယ် ယုံကြည်မှု ရှိရဲ့လားဆိုတဲ့အပေါ် Bobby Jindal က မေးခွန်းထုတ်လိုက်ပြီး သူ့ကို ရီပတ်ပလစ်ကန် ပါတီဝင်အဖြစ် အသိအမှတ် မပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ Trump ဟာ သမ္မတဖြစ်နိုင်တဲ့ အရည်အချင်း မရှိဘူးလို့ Pataki ကလည်း ပြောပါတယ်။

Lindsey Graham ကတော့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေအကြောင်း အဓိကထား ပြောကြားပါတယ်။ အမေရိကန် လေတပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံကို ထောက်ပြ ပြောဆိုပြီး သူသာလျှင် သမ္မတ အဖြစ်သင့်ဆုံး လူဖြစ်ကြောင်း၊ အီရတ်နဲ့ ဆီးရီးယားတို့မှာ ရှိတဲ့ အကြမ်းဖက်သမားတွေကို ဘယ်လို တိုက်ခိုက် အနိုင်ယူရမယ်ဆိုတာ နားလည် သဘောပေါက်ကြောင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG