အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲ ကျင်းပမယ့်ရာသီတိုင်း သမ္မတ ကိုယ်စားလှယ်လောင်းတွေဟာ ပြည်ပ ခရီးထွက်ပြီး နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အသိအမှတ်ပြုမှုတို့ကို ရယူလေ့ရှိတတ်တဲ့ အစဉ်အလာ ရှိပါတယ်။ ဒီအစဉ်အလာအတိုင်း သမ္မတ အိုဘားမား ကိုယ်စားလှယ်လောင်းအဖြစ် စတင်မဲဆွယ်စဉ် ၂၀၀၈ ခုနှစ်က ဥရောပနဲ့ အာဖရိက ခရီးစဉ်တွေ ထွက်ခဲ့ပါတယ်။ အခုလည်း Republican Party သမ္မတကိုယ်စားလှယ်လောင်း Mitt Romney လည်းပဲ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေဆီ ခရီးလှည့်လည်နေပါတယ်။
ဒီခရီးစဉ်အတွင်း အမေရိကန်ရဲ့ ရီပတ်ဘလီကဲင်ပါတီဘက်က သမ္မတ ကိုယ်စားလှယ်လောင်း Mitt Romney ရဲ့ ပြည်ပခရီးစဉ်တွေထဲက စိတ်ဝင်စားစရာ အကြောင်းတချို့ကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာအဖြစ် ဦးရော်နီညိမ်းက ကောက်နုတ် စုစည်းပြီး ဒေါ်မိုးဖြူနဲ့အတူ သုံးသပ်တင်ပြ ပေးထားပါတယ်။