သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေးခြောက်ကမ်းပါးနားအထိ ညှိနှိုင်းမှုမပြေလည်သေး


အမေရိကန်မှာ ဘဏ္ဍာရေးဆိုင်ရာ ခြောက်ကမ်းပါးအစွန်း ရောက်နေတဲ့ အခြေအနေဟာ အခုထိ ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေဆဲပါ။ အာဏာရ ဒီမိုကရက်ပါတီက လူချမ်းသာတွေကို အခွန်တိုးကောက်ပြီး လူလတ်တန်းစားတွေကို အခွန်သက်သာခွင့် ဆက်ပေးသွားမယ့်အစီအစဉ်ကို အတိုက်အခံ ရီပတ်ဘလီကင် ပါတီဘက်က မလိုက်လျှောသလို ဒီမိုကရက်တွေဘက်ကလည်း ဒီရပ်တည်ချက်ကို မပြင်နိုင်ဘူးလို့ ပြောနေတာပါ။

ဒီလိုအခြေအနေမှာ အစိုးရဘက်က ချပြထားတဲ့ အစီအစဉ်ကို မကြိုက်ရင် ဒိထက်ပိုကောင်းတဲ့ အစီအစဉ်ပြပါဆိုတော့လည်း ရီပတ်ဘလီကင်တွေဘက်က မပြနိုင်ဘူးလို့လည်း ဘဏ္ဍာရေးဝန်ကြီး တင်မ်သီ၊ ဂိုက်တ်နာက ပြောထားပါတယ်။ ဒီအကြောင်း အစုံအလင်ကို ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ကိုအောင်လွင်ဦးက မမိုးဖြူနဲ့အတူ တင်ပြပေးထားပါတယ်။
XS
SM
MD
LG