သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေးပြဿနာ နိုင်ငံရေးအရ ကွဲလွဲစရာဖြစ်


အမေရိကန် သမ္မတ ဘရက်အိုဘားမား။
အမေရိကန် သမ္မတ ဘရက်အိုဘားမား။
အမေရိကန် သမ္မတ ဘရက်အိုဘားမား နဲ့ ရီပက်ကလစ်ကန် ပါတီဝင်တွေဟာ စနေနေ့က အပတ်စဉ် ပြောကြားခဲ့ဲတဲ့ အစီအစဉ်တွေထဲမှာ စီးပွားရေးကိစ္စရပ်တွေကို အဓိက ထားပြီး ပြောသွားခဲ့ပါတယ်။ အိမ်ကို အကြွေးနဲ့ ဝယ်ထားတဲ့သူတွေ အကြွေးနှုန်း လျော့ကျဖို့အတွက် ဥပဒေကို လွှတ်တော်အနေနဲ့ အတည်ပြုပေးဖို့ သမ္မတ အိုဘားမားက လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ ရီပက်ပလစ်ကန်တွေဟာ အဲဒီအစီအစဉ်ကို လုပ်ဆောင်ခြင်း မရှိဘဲ ဘေးချိတ်ထားတယ်လို့ သမ္မတ အိုဘားမားက စွပ်စွဲလိုက်ပါတယ်။

အဲဒီ အစီအစဉ်အရသာဆိုရင် အိမ်ဝယ်ထားတဲ့သူတွေဟာ တနှစ်ကို အမေရိကန် ဒေါ်လာ သုံးထောင်လောက် သက်သာစေမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ ရီပက်ပလစ်ကန်တွေကတော့ သူ့ရဲ့ သမ္မတ သက်တမ်း လေးနှစ်အတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ အယ်ရီဇိုးနား ပြည်နယ် အောက်လွှတ်တော်အမတ် ဂျက်ဖလစ် က ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမားရဲ့ လေးနှစ်တာ သမ္မတ သက်တမ်းဟာ စီးပွားရေး ကျဆင်းမှု ဖြစ်တယ်လို့ က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့လက လစ်ဗျားနိုင်ငံမှာ ရှိတဲ့ အမေရိကန် ကောင်စစ်ဝင်ရုံး တိုက်ခိုက်ခံရပြီး အမေရိကန် သံအမတ် အပါအဝင် လေးယောက် သေဆုံးသွားရတဲ့ ကိစ္စအပေါ်မှာ သမ္မတ အိုဘားမားရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ရီပက်ပလစ်ကန်တွေက အကြီးအကျယ် ထပ်ပြီးတော့ တိုက်ခိုက်လိုက်ပါတယ်။
XS
SM
MD
LG