သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Sanders တို့ အောင်ပွဲခံအပြီး ရှေ့ဆက်မဲဆွယ်လှုပ်ရှား


ဒီမိုကရက်တစ်ပါတီက ဆိုရှယ်လစ်ဝါဒီ Bernie Sanders နဲ့ ဘီလီယံနာသူဌေးကြီး Donald Trump တို့ ၂ ဦးဟာ New Hampshire ပြည်နယ်မှာ ပြည်နယ်က ဦးဆောင်ကျင်းပတဲ့ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ အင်္ဂါနေ့က အသီးသီး အနိုင်ရလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲဟာ မနေ့က ချက်ခြင်းဆိုသလိုပဲ မကြာခင် သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေ ကျင်းပမယ့် South Carolina နဲ့ Nevada ပြည်နယ်တို့မှာ အာရုံစိုက် မဲဆွယ်စည်းရုံးနေကြပြီ ဖြစ်ပါတယ်။

New Hampshire ပြည်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေအတွင်း ဒီမိုကရက်တစ်ပါတီဘက်မှာ Vermont ပြည်နယ်က အထက်လွှတ်တော်အမတ် Sanders က နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို မဲအရေအတွက် ၆၀% - ၃၈% နဲ့ အပြတ်အသတ် အနိုင်ရလိုက်တာပါ။

ရီပတ်ဘလီကန်ပါတီဘက်မှာတော့ Donald Trump က သူနဲ့ အနီးစပ်ဆုံး ပြိုင်ဘက် သမ္မတကိုယ်စားလှယ်လောင်း Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich ထက် မဲအရေအတွက် ၂ ဆကျော် များပြီး ၃၅% နဲ့ အနိုင်ရလိုက်သွားပါတယ်။ တခြား သမ္မတ ကိုယ်စားလှယ်လောင်းတွေထက်လည်း Trump က မဲအပြတ်အသတ် အနိုင်ရလိုက်တာပါ။

New Hampshire ပြည်နယ်က သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ အဆင့် (၇) မှာသာ ရှိခဲ့တဲ့ ကုမ္ပဏီ အကြီးအကဲဟောင်း Carly Fiorina နဲ့ အဆင့် (၆) သာ ရရှိခဲ့တဲ့ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie တို့ ၂ ဦး သမ္မတလောင်း ရွေးချယ်မှုကနေ နေနှုတ်ထွက် သွားကြပြီ ဖြစ်ပါတယ်။

XS
SM
MD
LG