အမေရိကန်ပြည်ထောင်စုက ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာနိုင်ချေရှိတယ်လို့ တစ်ပြေးနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် က သူနဲ့အတူ တွဲဘက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Tim Kaine ကို ရွေးချယ်လိုက်ပါတယ်။
Pennsylvania ပြည်နယ် Philadelphia မြို့မှာ တနင်္လာနေ့ကျရင် ကျင်းပမယ့် ဒီမိုကရက်ပါတီ ညီလာခံမတိုင်ခင်မှာ အခုလို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ပါတီညီလာခံကနေ ဟီလာရီ ကလင်တန်ကို ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ် အတည်ပြုခဲ့မယ်ဆိုရင် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း Donald Trump နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။