သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ရောက်ရှိနေကြသူတွေအပေါ် Trump သဘောထားပြောင်း


အမေရိကန်ပြည်ထောင်စုမှာ တရားမဝင် အခြေချနေထိုင်ကြတဲ့ လူ ၁၁ သန်းကို ပြည်နှင်ဒဏ်ပေးမယ်လို့ သူအရင်က ပြောခဲ့တာကို ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump က စွန့်လွှတ်လိုက်ပြီး အဲဒီအစား တရားဥပဒေချိုးဖောက်တဲ့ ဒုစရိုက်သမားတွေကိုသာ သူတို့ရဲ့ဌာနေကို ပြန်ပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။

တခြားတရားမဝင် နေထိုင်သူတွေကိုတော့ အမေရိကန်ပြည်ထောင်စုက ဖြေရှင်းနေကျအတိုင်းပဲ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အိမ်ခြံမြေသန်းကြွယ်သူဌေးကြီးဘဝက Trump က သမ္မတအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပထမဆုံး မဲဆွယ်ကြိုးပမ်းစဉ်က ကျနော်သာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် လူဆိုးတွေကို ဒီနိုင်ငံကနေ အရင်ဦးဆုံး နှင်ပစ်မယ်လို့ အမေရိကန် Fox ရုပ်သံသတင်းဌာနရဲ့ အစီစဉ်မှူး Bill O’Reilly ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကိုတော့ လက်ရှိဆောင်ရွက်နေတဲ့ တည်ဆဲဥပဒေအရ ဆက်လုပ်သွားမယ်လို့ Trump က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG