သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton နဲ့ Trump လူထုထောက်ခံမှု အကြိတ်အနယ်ဖြစ်


အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းပတ် ၉ ပတ်ပဲ လိုတော့အချိန်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump တို့ ၂ ဦးဟာ တဦးနဲ့တဦး အကြိတ်အနယ် ဖြစ်နေကြပါတယ်။

အင်္ဂါနေ့က ကောက်ယူခဲ့တဲ့ CNN/ORC စစ်တမ်းအရ Trump က Clinton ထက် ၄၅% ၊ ၄၃% နဲ့ အသာစီးရနေတယ်လို့ ဖော်ပြထားပြီး တခြား စစ်တမ်းတွေကို စုစည်းဖော်ပြထားတဲ့ realclearpolitics.com ရဲ့ အဆိုအရကတော့ Clinton က ၃% လောက် အသာစီးရနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီ စစ်တမ်းတွေ အားလုံးဟာ အတိုးအလျော့ လွဲချော်မှုရှိနိုင်တဲ့ ကွာဟမှုအတွင်းမှာပဲ ရှိနေတာပါ။ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ပါတီညီလာခံတွေပြီးပြီးချင်းမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရကတော့ Clinton က Trump ထက် ၈% အသာစီး ရနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပါတီညီလာခံ တခုချင်းစီ အပြီးမှာ တက်လာတဲ့ ထောက်ခံမှုအရေအတွက်ဟာ အခုချိန်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ပြည်နယ်တခုချင်းစီမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရကလည်း တဦးနဲ့တဦး မတိမ်းမယိမ်းမှာ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။

အထူးသဖြင့်တော့ Battleground လို့ခေါ်တဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ် ၁၀ ခုက ထွက်လာမယ့် ရလဒ်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူကြိုက်အများဆုံးသူက အနိုင်ရတာမျိုးမဟုတ်ပဲ ပြည်နယ်ပေါင်း ၅၀ ရှိတဲ့အထဲက ပြည်နယ်တခုချင်းစီက လူဦးရေ အချိုးအစားပေါ်မူတည်ပြီး ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တာလည်း ဖြစ်ပါတယ်။

Clinton နဲ့ Trump လူထုထောက်ခံမှု အကြိတ်အနယ်ဖြစ်
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG