သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အပေါ် Clinton အသာစီးရ


အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကောက်ယူခဲ့တဲ့ စစ်တမ်းအသစ်တွေမှာတော့ - သမ္မတလောင်းတွေရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲနောက်ပိုင်း ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ကို နောက်ထပ်အသာရနေတာကို ပြသနေပါတယ်။ ပြီးခဲ့တဲ့စကားစစ်ထိုးပွဲမှာလည်း ကလင်တန် အနိုင်ရတယ်လို့ မဲဆန္ဒရှင်တွေက ပြောဆိုထားကြတာပါ။

အိမ်ခြံမြေလုပ်ငန်းရှင်အဖြစ်ကနေ ပထမဆုံးအကြိမ် အစိုးရတာဝန်ယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ Trump နဲ့ နောက်ထပ် ပြိုင်ဘက်တွေဖြစ်တဲ့ Libertarian ပါတီက Gary Johnson၊ Green ပါတီက Jill Stein တို့နဲ့ ၄ ယောက်ယှဉ်ပြီး စစ်တမ်းကောက်ယူရာမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ အသာရနေတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူတဲ့ စစ်တမ်းအများစုမှာ တွေ့ရပါတယ်။

Trump နဲ့ ၂ ယောက်တည်းယှဉ်ပြီး ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ ကလင်တန်က ပိုပြီး အသာရတာကိုလည်း တွေ့ခဲ့ရတာပါ။

ရွေးကောက်ပွဲအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ လွန်ခဲ့တဲ့တပတ်လောက်က စကားစစ်ထိုးပွဲတွေအပြီး ကောက်ယူခဲ့တဲ့ သဘောထားစစ်တမ်းတွေမှာလည်း ကလင်တန်က Trump ထက် အသာစီးရနေတာကို ပြသနေကြပါတယ်။

ဒါပေမဲ့လည်း အမေရိကန်သမ္မတရွေးကောက်ပွဲတွေဟာ လူကြိုက်များတဲ့မဲတွေနဲ့ ဆုံးဖြတ်တာမျိုးတော့ မဟုတ်ပါဘူး။ Electoral College လို့ခေါ်တဲ့ ပြည်နယ်ပေါင်း ၅၀ က ကိုယ်စားပြုမဲတွေနဲ့ ဆုံးဖြတ်တာဖြစ်ပြီး၊ လူဦးရေအများဆုံး ပြည်နယ်က သြဇာသက်ရောက်မှု အကြီးမားဆုံးလည်း ဖြစ်ပါတယ်။

Trump အပေါ် Clinton အသာစီးရ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG