သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama နဲ့ Romney နောက်ဆုံး အကျော့ စကားစစ်ထိုးပွဲ ပြင်ဆင်


သမ္မတအိုဘားမားနဲ့ ပြိုင်ဘက် မစ်ရော်မနီတို့ကို ဒုတိယအကြိမ် စကားစစ်ထိုးပွဲတွင် တွေ့ရစဉ်။ (အောက်တိုဘာ ၁၆၊ ၂၀၁၂)
သမ္မတအိုဘားမားနဲ့ ပြိုင်ဘက် မစ်ရော်မနီတို့ကို ဒုတိယအကြိမ် စကားစစ်ထိုးပွဲတွင် တွေ့ရစဉ်။ (အောက်တိုဘာ ၁၆၊ ၂၀၁၂)
အမေရိကန်သမ္မတအိုဘားမားနဲ့ ယှဉ်ပြိုင်ဘက် ရီပတ်ဘလီကင်သမ္မတလောင်း မစ် ရော်မနီတို့ တနင်္လာနေ့မှာ ကျင်းပမယ့် တတိယနဲ့ နောက်ဆုံး အကျော့ စကားစစ်ထိုးပွဲမှာ နိုင်ငံခြားရေးရာ မူဝါဒတွေအကြောင်းကိုပဲ ဆွေးနွေးငြင်းခုန်ကြမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး အချိန်တွေအတွင်း စစ်တမ်းကောက်ယူချက်တွေအရ လက်ရှိ သမ္မတ အိုဘားမားဟာ နိုင်ငံခြားရေးရာမူဝါဒတွေမှာ ပြိုင်ဘက် မစ္စတာ ရော်မနီထက် ပိုပြီး ထောက်ခံမှုရှိထားကြောင်း တွေ့ရပါတယ်။

အထူူးသဖြင့် ၂၀၁၁ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူ ပါကစ္စတန်နိုင်ငံအတွင်းမှာ ခိုလှုံနေတဲ့ အယ်လ်ကိုင်းဒါးအကြမ်းဖက် အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့တဲ့အပေါ်မှာ လူထုထောက်ခံမှုက ပိုနေတာဖြစ်ပါတယ်။

ရီပတ်ဘလီကင် သမ္မတလောင်း မစ်ရော်မနီရဲ့ နိုင်ငံခြားရေးရာမူဝါဒနဲ့ ပတ်သက်လို့ အတွေ့အကြုံမရှိဘဲ နိုင်ငံခြားရေးမူဝါဒကို ပြောရတိုင်း စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆက်ဆံမှုမျိုးကိုသာ ဇောင်းတင် ပြောလေ့ရှိပါတယ်။

သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေးရာ မူဝါဒနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မစ္စတာရော်မနီက မကြာခင်က လစ်ဗျား အမေရိကန် ကောင်စစ်ဝန်ရ့ုံးကို အတိုက်ခံရလို့ သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင် နဲ့ သံဝန်ထမ်းတွေ သေဆုံးခဲ့ရတာကို လက်ညှိုးညွန်ဝေဖန် လေ့ရှိ ကြောင်း အသစ်ကောက်ယူတဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒီ ဘန်ဂါဇီ ကောင်စစ်ဝန်ရုံးအတိုက်ခံရမှုကို ငြင်းခုန်ပြောဆိုကြရမှာ သမ္မတလောင်း နှစ်ဦးလုံးဟာ မတူကွဲပြားတဲ့ ရှုဒေါင့်တွေကနေ ချဉ်းကပ် ပြောဆိုကြပါတယ်။

ဒီအထဲ ဘင်လာဒင်ကို စီးနင်းလုပ်ကြံမှု၊ ကမ္ဘာမှာ စီးပွားရေးအရ လွှမ်းမိုးလာတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍ အာဖဂန်က တာလီဘန် အကြမ်းဖက်သမားတွေကို နှိမ်နင်းနေတဲ့ အမေရိကန်တပ်တွေကို ၊၂၀၁၄ ခု နောက်ပိုင်းမှာ အပြီးသတ် ရုပ်သိမ်းမယ့် အိုဘားမားရဲ့ စီမံကိန်း၊ ဆီးရီးယားနိုင်ငံအတွင်းက သွေးထွက်သံယို ပဋိပက္ခ၊ အီရန်ရဲ့ နျူကလီယား စီမံကိန်းကြောင့် အစ္စရေးနဲ့ အီရန်ကြားမှာ ပိုမို တင်းမာလာနေတဲ့အခြေအနေ၊ ရုရှားနဲ့ ဆက်ဆံရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြဖွယ် ရှိပ်ါတယ်။
XS
SM
MD
LG