သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁.၅ ဘီလီယံ တန်ဖိုး Powerball ထီ ဆုရှင်သုံးစောင် ခွဲဝေ ရ မည်


၁.၅ ဘီလီယံ တန်ဖိုး Powerball ထီ ဖွင့်ပြီ။
၁.၅ ဘီလီယံ တန်ဖိုး Powerball ထီ ဖွင့်ပြီ။

အမေရိကန် Powerball ထီရဲ့ စံချိန်တင် ဒေါ်လာသန်း ၁၅၀၀ ထီဆုကြီးကို အမေရိကန် အနောက်ပိုင်း ပြည်နယ် California၊ တောင်ပိုင်းပြည်နယ်တွေ ဖြစ်ကြ တဲ့ Tennessee နဲ့ Florida ပြည်နယ်တွေက ပေါက် သွားပါတယ်။

ထီဆုကြီး ပေါက်သွားတဲ့ ထီလက်မှတ် တစောင်ကတော့ California ပြည်နယ် Los Angelesမြို့ပြင်က ချမ်းသာကြွယ်ဝတဲ့ Chino Hills မြို့က 7-11 စတိုးဆိုင်ကနေ ဝယ်ယူသွားခဲ့တာ ဖြစ်တယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ California ထီဌာနရဲ့ ပြောခွင့်ရ တဦး ဖြစ်တဲ့ Alex Traverso က ပြောပါတယ်။ နောက်ထပ် ထီဆုကြီး ပေါက်သွားတဲ့ Tennessee နဲ့ Florida တို့က အရောင်းဆိုင်တွေကိုတော့ မသိရသေးပါဘူး။ ထီပေါက်သူတွေရဲ့ နာမည်တွေနဲ့ အသေးစိတ် အချက်အလက်တွေ လည်း ထုတ်ပြန်မှု မရှိပါဘူး။

ထီလက်မှတ်တစောင်ရဲ့ ပေါက်နိုင်ခြေက ၂၉၂ ဒသမ ၂ သန်းထဲမှာ တဆ ပဲ ရှိပါတယ်။ Powerball ထီ ပေါက်ခဲ့ကြသူတွေ ဆုကြေးငွေကို အညီအမျှ ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။ ထီပေါက်ခဲ့ကြသူတွေ အနေနဲ့ အခွန် အများအပြား ဆောင်ပြီး ထီဆုကို တလုံးတခဲတည်း ထုတ်ယူနိုင်သလို အခွန်ဆောင်ရမှု သက်သာစေမယ့် ၂၉ နှစ်တာ ကာလ အတွင်း နှစ်စဉ် အကြိမ်ခွဲပြီး ထုတ်ယူလို့လည်း ရပါတယ်။

Powerball ထီလက်မှတ် အရောင်းက စံချိန်တင် မြင့်တက်ခဲ့တာကြောင့် ဆုကြေးက ပိုပြီး များလာတာ ဖြစ်ပြီး ဆုကြေး ကြီးလာလို့ လက်မှတ်တွေလည်း ပိုပြီး ရောင်းချခဲ့ရတယ် လို့ ထီလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုထဲက ပြည်နယ် ၅၀ ထဲမှာ အများစုက ထီလုပ်ငန်းတွေကို ခွင့်ပြုထားပေမယ့် ပြည်နယ် ၆ ခုတို့မှာတော့ ခွင့်မပြုပါဘူး။

XS
SM
MD
LG