သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ ကန် သမ္မတ နျူ ကလီးယား အရေး မြောက်ကိုရီးယားကို သတိပေး


အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယားသမ္မတ သတင်းစာရှင်းလင်းပွဲပြုလုပ်။ (ဧပြီ ၂၅၊ ၂၀၁၄)
အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယားသမ္မတ သတင်းစာရှင်းလင်းပွဲပြုလုပ်။ (ဧပြီ ၂၅၊ ၂၀၁၄)
အမေရိကန် သမ္မတ Barack Obama နဲ့ တောင်ကိုရီးယား သမ္မတ Park Geun-Hye တို့က မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်မှု နောက်တခု ထပ်မလုပ်ဖို့ သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတ Park Jeun Hyne နဲ့ ပူးတွဲလုပ်တဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Obama က မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား စမ်းသပ်မှု တကယ်ထပ်လုပ်လာရင် ဘာမှ အကျိုးရမှာမဟုတ်ဘူး၊ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေပဲ ကြုံရလိမ့်မယ်၊ နိုင်ငံတကာ နဲ့ ပိုကင်းကွာအောင် လုပ်သလိုဖြစ်သွားလိမ့်မယ် လို့ ပြောခဲ့ပါတယ်။

သမ္မတ အိုဘားမားပြောသွားတာက အားလုံးဝိုင်းတားနေတဲ့ကြား က မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား စမ်းသပ်မှုလုပ်ပြီး ရန်စလာတဲ့အပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရင်ချင်းကပ်လက်ချင်းချိတ်ပြီး တုံ့ပြန်သွားသင့်တယ် လို့ပြောသွားတာပါ။

ဒါ့အပြင် သမ္မတ Obama က တောင်ကိုရီးယားအပေါ်ထားတဲ့ အမေရိကန်ရဲ့ သစ္စာတရားကို ဘယ်တော့မှ ဖျက်မှာမဟုတ်ဘူးလို့ ဆက်ပြောခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံဘက်ကနေ နျုကလီးယား စမ်းသပ်မှု နောက်တခု မကြာခင် ထပ်လုပ်တော့မဲ့ လက္ခဏာတွေပြလာချိန်မှာ သမ္မတ Obama သူ့ရဲ့ အခု အာရှခရီးစဉ်တွင်း ဒုတိယအဖြစ်ရောက်တဲ့ နိုင်ငံမှာ အခုလိုပြောလိုက်တဲ့ အတွက် မြေက်ကိုရီးယားရဲ့ ရန်စမှုကို သည်းခံမှာမဟုတ်ဖူးလို့ ပြောလိုက်တာပါ။

သမ္မတ အိုဘားမားက ဆက်ပြီး မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက် တာဝေးပစ် ဒုံးကြည် တွေ ဖျက်သိမ်းရေး အပါအဝင် နိုင်ငံတကာ ကတိတွေကို လိုက်နာဖို့လိုတဲ့ အပေါ် နိုင်ငံတကာမှာ အားလုံးက တညီတညွတ် သဘောတူထားတယ်လို့ သမ္မတ Obama က ဆက်ပြောခဲ့ပါတယ်။

အခုတောင်ကိုရီးယားရောက်စဉ်မှာ သမ္မတ Obama က ပြီးခဲ့တဲ့ အပတ် တောင်ကိုရီးယားသင်္ဘောနစ်မြုပ်မှုမှာ သေဆုံးခဲ့ရတဲ့ ရာချီတဲ့ ကလေးငယ် မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်းလဲ ထုတ်ပြာခဲပါတယ်။
XS
SM
MD
LG