သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ပထမဆုံး ပြည်ပခရီးအဖြစ် ဆော်ဒီနိုင်ငံရောက်ရှိ


သမ္မတ Trump ပထမဆုံး ပြည်ပခရီးအဖြစ် ဆော်ဒီနိုင်ငံရောက်ရှိပြီး ဆော်ဒီဘုရင်နဲ့တွေ့ဆုံနေစဉ်။
သမ္မတ Trump ပထမဆုံး ပြည်ပခရီးအဖြစ် ဆော်ဒီနိုင်ငံရောက်ရှိပြီး ဆော်ဒီဘုရင်နဲ့တွေ့ဆုံနေစဉ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို စတင်တဲ့အနေနဲ့ ဆော်ဒီအာရေဗျ နိုင်ငံ ရီယာ့ဒ်မြို့ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သမ္မတထရမ့် နဲ့ သမ္မတကတော် Melania တို့ကို ဆော်ဒီဘုရင် Salman Bin Abdulaziz က လေဆိပ်မှာ ကောဇောနီနဲ့ ကြိုဆိုခဲ့ပြီး လေဆိပ်မှာ ခေတ္တစကားပြောခဲ့ကြပါတယ်။ လေဆိပ် နဲ့ ပတ်ဝန်းကျင်မှာတော့ လက်နက်တွေ အပြည့်တပ်ဆင်ထားတဲ့ စစ်ကားတွေ အပါအဝင် လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ်ချထားပါတယ်။

အရင် အမေရိကန်သမ္မတတွေတုန်းကတော့ ဘယ်သူကမှ ဆော်ဒီအာရေဗျနိုင်ငံကို သူတို့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် သွားလေ့မရှိခဲ့ပေမယ့်၊ သမ္မတထရမ့်ကတော့ သူရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတုန်းက အမေရိကန်သာ ပထမဦးစားပေး နဲ့ မွတ်စလင်တွေကို အမေရိကန်ပြည်ထောင်စုကို မဝင်နိုင်အောင်တားမြစ်ဖို့ ကြွေးကြော်ပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ သမ္မတထရမ့်က သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ကို အခုလို ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်ခဲ့တဲ့အတွက် ပိုပြီးတော့ အံ့သြစရာဖြစ်ခဲ့ကြပါတယ်။

အမေရိကန် နဲ့ စွမ်းအင် နဲ့ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ အချိန်အတော်ကြာကတည်းက ဆက်ဆံမှုတွေရှိလာခဲ့တဲ့ ဆော်ဒီအာရေဗျနိုင်ငံကိုတော့ ၊ အမေရိကန်က ခရီးသွားလာခွင့် ပိတ်ထားတဲ့နိုင်ငံစာရင်းထဲမှာ မထည့်ထားပါဘူး။

သမ္မတ ထရမ့်ဟာ ဆော်ဒီမှာ ၂ ရက်ကြာ နေထိုင်သွားမှာဖြစ်ပြီး၊ အဲဒီမှာရှိနေစဉ်အတွင်း ဒေါ်လာ ၁၀၀ ဘီလီယံကျော်တန်ဖိုးရှိတဲ့ လက်နက်ရောင်းဝယ်မှုကိုလည်း ကြေညာသွားဖို့ရှိပါတယ်။ ဆော်ဒီဘုရင်ဘက်ကတော့ - အရှေ့အလယ်ပိုင်းမွတ်စလင်ကမ္ဘာက ခေါင်းဆောင်အတော်များများကို သမ္မတထရမ့် နဲ့ တွေ့ဆုံဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။

သမ္မတ Trump ပထမဆုံး ပြည်ပခရီးအဖြစ် ဆော်ဒီနိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG