သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အထွေထွေညီလာခံ မိန့်ခွန်းပြောမည်


၂၀၁၁ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြော နေသည့် သမ္မတ ဘရာ့ခ် အိုဘားမား။
၂၀၁၁ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြော နေသည့် သမ္မတ ဘရာ့ခ် အိုဘားမား။
အမေရိကန်ပြည်ထောင်စု New York မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ Barack Obama က ဒီကနေ့ မိန့်ခွန်းပြောကြားတဲ့အခါ အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ၊ အီရန်င်ငံရဲ့နျူကလီးယား အရေး ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။

တမန်တော်မိုဟာမက်ကို လှောင်ပြောင်ပြီး ရိုက်ကူးထားတဲ့ ခပ်ညံ့ညံ့ ဗွီဒီယိုတကားကြောင့် မူစလင်ကမ္ဘာတလွှား အကြမ်းဖက်တိုက်ခိုက်မှုတွေ ပျံ့နှံ့ခဲ့တာကို သမ္မတ Obama က ရှုံ့ချထားကြောင်း အိမ်ဖြူတော်က သမ္မတရဲ့ မိန့်ခွန်း တစိတ်တပိုင်းကို ကြိုတင်ထုတ်ပြန်တာမှာ တွေ့ရပါတယ်။

တိုက်ခိုက်ခံရတဲ့ထဲမှာ လစ်ဗျားင်ငံ ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးလည်းပါဝင်ခဲ့ပြီး အမေရိကန်သံအမတ်ကြီး Christopher Stevens နဲ့ အမေရိကန် သံဝန်ထမ်း သုံးဦး သေဆုံးသွးရပါတယ်။

လစ်ဗျားနိုင်ငံနဲ့ တခြားဒေသတွေက အမေရိကန်သံတမန် အဆောက်အဦးတွေကို တိုက်ခိုက်တာဟာ ကုလသမဂ္ဂကို တည်ထောင်ထားတဲ့ အခြေခံ စံနှုန်းတွေကို တိုက်ခိုက်စော်ကားတာပဲ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေကို ပြောကြားမှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံအနေနဲ့တော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပါတ်သတ်ပြီး ညှိနှိုင်းဖို့ အချိန်ရှိသေးပေမယ့် ဒီအချိန်က ကုန်ဆုံးသွားမှာ ဖြစ်တယ်လို့လည်း သတိပေးမှာပါ။ အီရန်နိုင်ငံ နျူကလီးယားလက်နှက် မရသွားဖို့ အမေရိကန်ပြည်ထောင်စုက အစွမ်းကုန်တားဆီးသွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက အလေးပေး ပြောကြားထားပါတယ်။
XS
SM
MD
LG