သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ သမ္မတ Trump တက်မည်


အမေရိကန် သမ္မတ Donald Trump အာရှခရီးစဉ်ထွက်ခွာ။ (နိုဝင်ဘာ ၃၊ ၂၀၁၇)
အမေရိကန် သမ္မတ Donald Trump အာရှခရီးစဉ်ထွက်ခွာ။ (နိုဝင်ဘာ ၃၊ ၂၀၁၇)

အမေရိကန် သမ္မတ Donald Trump ဟာ သောကြာနေ့မှာ သူ့ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ် ကို စတင်လိုက်ပါပြီ။ ဒီခရီးစဉ်အတွင်း အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ဖိလစ်ပိုင်မှာ တရက်တိုးပြီး နေမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့တော်မှာ ကျင်းပမယ့် အာဆီယံ အမေရိကန် ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်အပြီး နောက်တနေ့မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာမို့ အရင်စီစဉ်ထားတာထက် တရက်ပိုနေမှာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။ ဒီအစည်းအဝေးမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြောကြား ဖို့ ရှိတဲ့အပြင် မြောက်ကိုရီးယား အရေးကိုလည်း ပြောကြားမှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့ကို မကြာသေးခင်ကမှ သွားရောက်ခဲ့တဲ့ ဒုသမ္မတ Mike Pence က အမေရိကန်- အာဆီယံ ဆက်ဆံရေးဟာ မဟာဗျူဟာ ကျတဲ့ ဆက်ဆံရေး ဖြစ်ကြောင်းနဲ့ အာဆီယံဟာ အဖွဲ့ဝင် နိုင်ငံတွေ ကြားမှာ သာမကပဲ အာရှ ပစိဖိတ် ဒေသတခွင်လုံးအတွက် လုံခြုံမှုနဲ့ ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ပေးခဲ့ကြောင်း ပြောပါတယ်။

စက်တင်ဘာလကုန်မှာ သမ္မတရဲ့အာရှ ခရီးစဉ်နဲ့ ပတ်သက်ပြီး သမ္မတအိမ်ဖြူက ကြေညာရာမှာ Trump အစိုးရအဖွဲ့ရဲ့ အဓိက ရည်မှန်းချက်က ဒေသတွင်း ထိပ်သီးအစည်းဝေးတွေကို တက်ရောက်ရင်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ တကမ္ဘာလုံးရဲ့ အကူအညီ ရအောင် လုပ်ဆောင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတရဲ့ အခုခရီးစဉ်အတွင်း ပထမဆုံး မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်သလို တောင်ကိုရီးယား၊ ဂျပန်နဲ့ ဗီယက်နမ် နိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ သမ္မတ Trump တက်မည်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG