သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရွေးကောက်ပွဲ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဝင်ပြိုင်မည်


Louisiana ပြည်နယ်အုပ်ချုပ်ရေးမှူး Bobby Jindal။
Louisiana ပြည်နယ်အုပ်ချုပ်ရေးမှူး Bobby Jindal။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် Republican ပါတီဝင်တဦး နောက်ထပ်တိုးလာပြီ ဖြစ်ပါ တယ်။ Louisiana ပြည်နယ်အုပ်ချုပ်ရေးမှူး Bobby Jindal က အခုလို ယှဉ်ပြိုင်မယ့်သတင်းကို ဗုဒ္ဓဟူးနေ့က သူရဲ့ဝပ်ဆိုဒ်ကတဆင့် ကြေညာခဲ့တာဖြစ် ပါတယ်။ သူဟာ ရီပတ်ပလင်ကန် ပါတီရဲ့ သမ္မတလောင်းအဖြစ် သတ်မှတ်ခံရရေး ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာ ပါဝင်ပါမယ်။ သူဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလေးအနက် စဉ်းစားခဲ့တဲ့ ပထမဦးဆုံးသော အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ၂ ကြိမ် ထမ်းဆောင်ခဲ့တဲ့ အသက် ၄၄ အရွယ် Jindal ဟာ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် Republican ပါတီက သူ့ကိုရွေးချယ်ဖို့ အလားအလာနည်းသူ ဖြစ်ပါတယ်။

သူဟာ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်မယ်လို့ ကြေညာထားတဲ့ Republican ပါတီက ကိုယ်စားလှယ်လောင်း ၁၃ ဦးစာရင်းမှာ လူထုထောက်ခံမှု နည်းနေသူဖြစ်ပါတယ်။

တချိန်က Republican ပါတီရဲ့ တက်သစ်စ ကြယ်တပွင့်အဖြစ် ရှုမြင်ခံခဲ့ရပေမဲ့ မကြာသေးခင်က Louisiana ပြည်နယ်မှာ စီးပွားရေးဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်ခဲ့လို့ သူ့အနေနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

Jindal ဟာ သူ့ပြည်နယ် အသုံးစရိတ်ကို လျှော့ချခဲ့ပြီး လိင်တူချင်း လက်ထပ်ထိမ်းမြားတာနဲ့ နိုင်ငံတဝှမ်း တပြေးညီ ပညာရေးစံနှုန်း သတ်မှတ်ချက်ကို ဆန့်ကျင်သူတဦး ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ သမ္မတအိုဘာမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြင်ဆင်ရေး ဥပဒေကို ပယ်ချဖို့ ထောက်ခံအားပေးခဲ့သူ ဖြစ်တဲ့အပြင် IS အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုတွေကို နှိမ်နင်းရာမှာ သမ္မတရဲ့ မဟာဗျူဟာကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG