သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်နယ် ၅ခု ပဏာမ ရွေးကောက်ပွဲ ကျင်းပမည်


ရီပတ်ဘလစ်ကန် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် နှင့် ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီ ကလင်တန်။ (ဓါတ်ပုံ- REUTERS/Scott Audette, Javier Galeano)
ရီပတ်ဘလစ်ကန် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် နှင့် ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီ ကလင်တန်။ (ဓါတ်ပုံ- REUTERS/Scott Audette, Javier Galeano)

နိုဝင်ဘာလ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေ နီးကပ်လာတာနဲ့ အမျှ အမေရိကန်ပြည်ထောင်စုက ပြည်နယ်ငါးခုနဲ့ အမေရိကန်ပိုင် Puerto Rico ကျွန်းတို့မှာ ပါတီသမ္မတ လောင်း ပဏာမ ရွေးခြယ်ပွဲတွေကို အခု စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပြုလုပ်ဖို့ရှိနေပါတယ်။

အရင်ရလာဒ်တွေအရ အများစု ထောက်ခံမှုရနေတဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ယှဉ်ပြိုင်သူ Donald Trump ဟာ ပြိုင်ဖက်သုံးဦးမှာ သူဆက်ပြီး အသာရဖို့ ကြိုးစားနေပြီး အလားတူ ဒီမိုကရက်ဘက်မှာ Hillary Clinton ကလည်း Bernie Sanders ကို အသာရဖို့ ကြိုးစားနေပါတယ်။

အမေရိကန်အလယ်ပိုင်းက Kansas ပြည်နယ်နဲ့ တောင်ပိုင်း Louisiana ပြည်နယ်တွေမှာ နှစ်ပါတီလုံးက ပဏာမ ရွေးခြယ်ပွဲတွေ ပြုလုပ်ဖို့ရှိသလို Nebraska ပြည်နယ်မှာ ဒီမိုကရက်ဖက်က ပဏာမ ပါတီတွင်းရွေးခြယ်ပွဲတွေ စနေနေ့မှာ ပြုလုပ်ပါလိမ့်မယ်။ တောင်ပိုင်း Kentucky ပြည်နယ်နဲ့ အရှေ့မြောက်ဖက် Maine ပြည်နယ်မှာတော့ ရီပတ်ဘလီကန်ပါတီရဲ့ ပဏာမ ပါတီတွင်းရွေးခြယ်မှုတွေ ပြုလုပ်မှာပါ။ တနင်္ဂနွေနေ့မှာတော့ ဒီမိုကရက်က Maine ပြည်နယ်မှာ ပြုလုပ်ဖို့ရှိသလို၊ ရီပတ်ဘလီကန်တို့ကတော့ အမေရိကန်ပိုင် Puerto Rico ကျွန်းမှာ ပြုလုပ်ပါမယ်။

ကြာသာပတေးနေ့တုန်းကတော့ ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သူ သုံးဦးအကြား အပြန်အလှန် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပေါ်မှာ အတော်များများက စိတ်ပျက်ခဲ့ကြရပါတယ်။ သန်းကြွယ်သူဌေးကြီး Donald Trump ဟာ ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်လာဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတာမို့၊ ပြိုင်ဖက်တွေအကြား သူဟာ အဓိက ပစ်မှတ် ဖြစ်နေပါတယ်။

ရီပတ်ဘလီကန် သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ Mitt Romney အပါအဝင် ရီပတ်ဘလီကန်ပါတီက သြဇာကြီးတဲ့ အမာခံ အချို့ကတော့ Trump ဟာ သမ္မတ တာဝန်ယူနိုင်ဖို့ မသင့်တော်တဲ့သူ ဆိုပြီး ဝေဖန် နေကြပါတယ်။

XS
SM
MD
LG