သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Washington Post သတင်းထောက် အီရန်အကျဉ်းထောင်တွင်း အတွေ့အကြုံဖွင့်ဟ


Rezaian

အီရန်နိုင်ငံမှာ ၁၈ လကြာ အကျဉ်းကျခံနေရစဉ်အတွင်း ၄၉ ရက် တိုက်ပိတ်ခံခဲ့ရပြီး အပြင်လူတွေနဲ့လည်း အကန့်အသတ်နဲ့သာ တွေ့ဆုံခွင့်ရကြောင်း အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ Washington Post သတင်းထောက် Jason Rezaian က ပြောပါတယ်။

Rezaian ဟာ အီရန်နဲ့ ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက်ကို ကောင်အထည်ပြီး ရရှိခဲ့တဲ့ အကျဉ်းသား ဖလှယ်ရေး သဘောတူညီချက်နဲ့ စနေနေ့က ပြန်လွတ်လာတဲ့ အမေရိကန် အကျဉ်းသား ၄ ယောက်ထဲက တယောက်ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံကို ပြန်မလာခင် ဂျာမနီဆေးရုံမှာ ဆေးကုသမှု ခံယူရင်း Washington Post သတင်းစာရဲ့ အကြီးတန်း အယ်ဒီတာတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။

သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာလျှက်ရှိတယ်ဆိုတာကို လူတွေ သိစေလိုကြောင်း၊ သူ့အကြောင်း သိချင်ကြတဲ့သူတွေ ရှိနေတယ်ဆိုတာ သိရတဲ့အတွက် အခုလို ပြောဆိုခြင်းဖြစ်ကြောင်း၊ ဒါပေမယ့် သူ့ရဲ့ ဖြစ်ရပ်ကို ပြန်ပြောပြနိုင်ဖို့အတွက် သူ့အနေနဲ့ အချိန်ယူလိုတယ်လို့ Rezaian က ပြောပါတယ်။

Rezaian ကို သူလျှိုမှုနဲ့ အီရန်အာဏာပိုင်တွေက ၂၀၁၄ ခုနှစ်မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Washington Post သတင်းစာနဲ့ သမ္မတ အိုဘားမားအစိုးရကတော့ အဲဒီ စွပ်စွဲချက်ဟာ လုံး၀ မဖြစ်နိုင်တဲ့အကြောင်း ပြောပါတယ်။

XS
SM
MD
LG