သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေကို အမိဖမ်းမည်ဟု အမေရိကန်သတိပေး


သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန်တပ်ဖွဲ့တွေက အာဖရိက ၂ နိုင်ငံမှရှိတဲ့ အယ်လ်ခိုင်းဒါး ပစ်မှတ်တွေကို စီးနင်းတိုက်ခိုက်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို ဥပေဒအရ အရေးယူရေး ဘယ်တော့မှ ရပ်သွားမှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။

အယ်လ်ခိုင်းဒါးစစ်သွေးကြွတွေဟာ ပြေးနိုင်ပေမဲ့ လုံခြုံအာင်တော့ ပုန်းနေလို့ မရဘူးလို့လည်း ဝန်ကြီး ကယ်ရီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ APEC ခေါ် အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုညီလာခံကို ဝန်ကြီး ကယ်ရီတက်ရောက်နေစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။

အမေရိကန်အထူးတပ်ဖွဲ့က အာဖရိကမြောက်ပိုင်း လစ်ဗျားနိုင်ငံမှာခိုလှုံနေတဲ့ အယ်လ်ခိုင်းဒါး အကြီးတန်း စစ်ဆင်ရေးမှူးတယောက်ကို စနေနေ့က ဖမ်းဆီးနိုင်ခဲ့ပြီး အခု လစ်ဗျားနိုင်ငံပြင်ပ လုံခြုံနေရာကို ရွှေ့ပြောင်း ထားလိုက်ပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိကြောင်း အယ်လ်ခိုင်းဒါးအကြီးတန်းစစ်ဆင်ရေးမှူး Abu Anas al Libi ကို အောင်အောင်မြင်မြင်လက်ရဖမ်းနိုင်ခဲ့တဲ့ ဒီစစ်ဆင်ရေးကို သမ္မတအိုဘားမားက ခွင့်ပြုချက်ပေးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခုဖမ်းမိတဲ့ Abu Anas al Libi ကို ၁၉၉၈ ခုနှစ်က ကင်ညာနဲ့ တန်ဇန်နီးယားနိုင်ငံတွေရှိ အမေရိကန်သံရုံးတွေ ဗုံးခွဲတိုက်ခိုက်မှုနဲ့ အမေရိကန်တရားရုံးက တရားစွဲဆိုထားပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ လူ ၂၀၀ ကျော် သေဆုံးပြီး ၅၀၀၀ ဒဏ်ရာရှိခဲ့ကြပါတယ်။

ဒီစစ်ဆင်ရေးမတိုင်မှီမှာ အမေရိကန်အထူးတပ်ဖွဲ့တွေက အရှေ့အာဖရိက က ဆိုမာလီနိုင်ငံ Barawe ပင်လယ် ကမ်းခြေမြို့က အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ Al Shabab အဖွဲ့အခြေစိုက်စခန်းကို စီးနင်း တိုက်ခိုက်ခဲ့ပါ သေးတယ်။ အဲဒီမှာလည်း အမေရိကန် Navy Seal ခေါ် အထူး Commando တပ်ဖွဲ့နဲ့ Al Shabab စစ်သွေးကြွတွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာမှာ အမေရိကန်ဘက်က အထိအခိုက်မရှိဘဲ စစ်သွေးကြွ အတော်များများ သေဆုံးကြောင်း၊ ဒါပေမဲ့ ပစ်မှတ်ဖြစ်တဲ့ Al Shabab စစ်သွေးကြွခေါင်းဆောင်ကိုတော့ မဖမ်းနိုင်ခဲ့ဘူးလို့ အမေရိကန်ကာကွယ်ရေးဌာနကပြောပါတယ်။
XS
SM
MD
LG