အေမရိကန္ အမ်ိဳးသားလုံျခဳံေရးနဲ႔ လူ႕အခြင့္အေရးဆိုင္ရာ စိုးရိမ္စရာျဖစ္တဲ့အတြက္ တ႐ုတ္နည္းပညာကုမၸဏီ ၃၆ ခုကို ထုတ္ကုန္ ပိတ္ပင္တဲ့ Blacklist စာရင္းထဲ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ထည့္သြင္းလိုက္ပါတယ္။
ထုတ္ကုန္ပိတ္ပင္တဲ့ စာရင္းထဲ ၾကာသပေတးေန႔က ထည့္လိုက္တဲ့ တ႐ုတ္ကုမၸဏီေတြထဲမွာ တ႐ုတ္က Computer chip ထုတ္လုပ္တဲ့ အႀကီးဆုံးကုမၸဏီႀကီးတခု အပါအဝင္၊ ေလယဥ္ပစၥည္း ထုတ္လုပ္တဲ့ကုမၸဏီေတြ၊ ဓာတုေဗဒပစၥည္းနဲ႔ ကြန္ျပဴတာအစိတ္အပိုင္း ထုတ္လုပ္တဲ့ကုမၸဏီေတြ ပါဝင္ပါတယ္။
အေမရိကန္ရဲ႕ စစ္ဘက္နဲ႔ ေထာက္လွမ္းေရးဆိုင္ရာ နည္းပညာေတြ တ႐ုတ္ႏိုင္ငံကို တင္ပို႔လို႔ မရေအာင္ လုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။ ဒီတ႐ုတ္ကုမၸဏီေတြနဲ႔ စီးပြားေရးလုပ္မယ့္ အေမရိကန္ကုမၸဏီမွန္သမွ် ထုတ္ကုန္လိုင္စင္ ျငင္းပပယ္ခံ ရႏိုင္ပါတယ္။ တျခားႏိုင္ငံေတြမွာ အေျခစိုက္တဲ့ ကုမၸဏီေတြအေနနဲ႔လည္း ပိတ္ပင္ထားတဲ့ နည္းပညာေတြ တ႐ုတ္ႏိုင္ငံ မေရာက္ေအာင္ ထည့္သြင္းအသုံးျပဳမ်ိဳး ေ႐ွာင္႐ွားရမွာ ျဖစ္ပါတယ္။
အထူးသျဖင့္ ေနာက္ဆုံးေပၚ Computer chip နည္းပညာနဲ႔ အသံထက္ျမန္တဲ့ လက္နက္နည္းပညာေတြကို တ႐ုတ္စစ္တပ္က မရႏိုင္ေအာင္ အေမရိကန္ရဲ႕ အားထုတ္ေဆာင္႐ြက္မႈအျဖစ္ အကဲခတ္ေတြက သုံးသပ္ၾကပါတယ္။
တ႐ုတ္ႏိုင္ငံထုတ္ Semiconductor ေတြကို ကမ႓ာ့ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အဓိက မွီခိုအားထားေနရခ်ိန္မွာ အေမရိကန္က ဒီပစၥည္းေတြနဲ႔ တျခားအဆင့္ျမင့္နည္းပညာေတြ ႏိုင္ငံထဲမွာ ထုတ္လုပ္ႏိုင္ဖို႔ ဘိုင္ဒန္အစိုးရက အ႐ွိန္ျမႇင့္ ေဆာင္႐ြက္ေနပါတယ္။ အေမရိကန္က အခုလို တ႐ုတ္ကုမၸဏီ ၃၆ ခုကို ထုတ္ကုန္ပိတ္ပင္တဲ့ Blacklist ထဲထည့္ခဲ့တဲ့အေပၚ တ႐ုတ္အစိုးရက ျပင္းျပင္းထန္ထန္ ကန္႔ကြက္တယ္လို႔ အစိုးရပိုင္ ႐ွင္ဟြာသတင္းမွာ ေဖာ္ျပခဲ့ပါတယ္။
=== Unicode ====
အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာဖြစ်တဲ့အတွက် တရုတ်နည်းပညာကုမ္ပဏီ ၃၆ ခုကို ထုတ်ကုန် ပိတ်ပင်တဲ့ Blacklist စာရင်းထဲ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထည့်သွင်းလိုက်ပါတယ်။
ထုတ်ကုန်ပိတ်ပင်တဲ့ စာရင်းထဲ ကြာသပတေးနေ့က ထည့်လိုက်တဲ့ တရုတ်ကုမ္ပဏီတွေထဲမှာ တရုတ်က Computer chip ထုတ်လုပ်တဲ့ အကြီးဆုံးကုမ္ပဏီကြီးတခု အပါအဝင်၊ လေယဉ်ပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေ၊ ဓာတုဗေဒပစ္စည်းနဲ့ ကွန်ပြူတာအစိတ်အပိုင်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေ ပါဝင်ပါတယ်။
အမေရိကန်ရဲ့ စစ်ဘက်နဲ့ ထောက်လှမ်းရေးဆိုင်ရာ နည်းပညာတွေ တရုတ်နိုင်ငံကို တင်ပို့လို့ မရအောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ဒီတရုတ်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်မယ့် အမေရိကန်ကုမ္ပဏီမှန်သမျှ ထုတ်ကုန်လိုင်စင် ငြင်းပပယ်ခံ ရနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ပိတ်ပင်ထားတဲ့ နည်းပညာတွေ တရုတ်နိုင်ငံ မရောက်အောင် ထည့်သွင်းအသုံးပြုမျိုး ရှောင်ရှားရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် နောက်ဆုံးပေါ် Computer chip နည်းပညာနဲ့ အသံထက်မြန်တဲ့ လက်နက်နည်းပညာတွေကို တရုတ်စစ်တပ်က မရနိုင်အောင် အမေရိကန်ရဲ့ အားထုတ်ဆောင်ရွက်မှုအဖြစ် အကဲခတ်တွေက သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံထုတ် Semiconductor တွေကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အဓိက မှီခိုအားထားနေရချိန်မှာ အမေရိကန်က ဒီပစ္စည်းတွေနဲ့ တခြားအဆင့်မြင့်နည်းပညာတွေ နိုင်ငံထဲမှာ ထုတ်လုပ်နိုင်ဖို့ ဘိုင်ဒန်အစိုးရက အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ အမေရိကန်က အခုလို တရုတ်ကုမ္ပဏီ ၃၆ ခုကို ထုတ်ကုန်ပိတ်ပင်တဲ့ Blacklist ထဲထည့်ခဲ့တဲ့အပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ အစိုးရပိုင် ရှင်ဟွာသတင်းမှာ ဖော်ပြခဲ့ပါတယ်။