သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ဘဏ္ဍာနှစ်မှာ အမေရိကကို မြန်မာဒုက္ခသည် အများဆုံးရောက်


Indianapolis ရှိ မြန်မာဒုက္ခသည်များကိုတွေ့ရစဉ်
Indianapolis ရှိ မြန်မာဒုက္ခသည်များကိုတွေ့ရစဉ်

၂၀၁၆ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက လက်ခံဖို့ လျာထားတဲ့ ဒုက္ခသည်အရေအတွက် မပြည့်ခင်လေးမှာပဲ သတ်မှတ်ကာလ ပြည့်သွားခဲ့ပါတယ်။ ဒုက္ခသည်တွေကို လက်ခံရေးနဲ့ဆိုင်တဲ့ မူဝါဒတွေအတွက် နိုင်ငံရေးအရ အခြေအတင် ငြင်းခုန်မှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် မူလက လက်ခံဖို့လျာထားတဲ့ ဒုက္ခသည် ဦးရေ ၈၅,၀၀၀ ပြည့်ဖို့ ၅ ယောက်အလိုမှာပဲ သတ်မှတ်ထားတဲ့ ၁၂ လ ကာလ ပြည့်သွားခဲ့တာပါ။

၂၀၁၆ ဘဏ္ဍာနှစ် အဆုံးနဲ့ ၂၀၁၇ ဘဏ္ဍာနှစ်သစ် မစခင် ကာလဖြစ်တဲ့ အောက်တိုဘာလ ၁ ရက် ညသန်းခေါင်အချိန် အထိ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ နှစ်စဉ် ဒုက္ခသည် ဘယ်နှစ်ဦးကို အမေရိကန်ပြည်ထောင်စုက လက်ခံမယ်ဆိုတဲ့ သမ္မတက စတင် သတ်မှတ်ခဲ့တဲ့ ၂၄ နှစ်တာ ကာလအတွင်း ၂၀၁၆ ဘဏ္ဍာနှစ်မှာ ရောက်လာခဲ့တဲ့ ဒုက္ခသည်အရေအတွက်ဟာ သတ်မှတ် ဦးရေနဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတဲ့ ဒုက္ခသည်တွေထဲ မြန်မာနဲ့ ကွန်ဂိုနိုင်ငံတို့က အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဒုက္ခသည်စိစစ်ရေးဌာနရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ကနေ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုကို ရောက်လာပြီး အခြေချကြတဲ့ မြန်မာဒုက္ခသည် ဦးရေဟာ ၁၁,၉၀၂ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံကို လာရောက် အခြေချနေထိုင်ကြတဲ့ ဒုက္ခသည်တွေထဲမှာ ဆီးရီးယားနိုင်ငံက ရောက်လာကြသူတွေလည်း အများအပြား ပါဝင်ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်နဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရန်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၁၀,၀၀၀ ကို လက်ခံမယ်လို့ အမေရိကန်အစိုးရက တရားဝင်ကြေညာပြီး လက်ခံခဲ့တာမှာ ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရောက်လာကြတဲ့ ဆီးရီးယားဒုက္ခသည် ဦးရေဟာ ၁၂,၅၀၀ ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၆ ဘဏ္ဍာနှစ်မှာ အမေရိကကို မြန်မာဒုက္ခသည် အများဆုံးရောက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG