သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေ ကျူ းဘားကို သွားရောက် လည်ပတ်နိုင်ပြီ


ကျူးဘားအလံနဲ့ အမေရိကန်အလံ။
ကျူးဘားအလံနဲ့ အမေရိကန်အလံ။

အမေရိကန်နဲ့ ကွန်မြူနစ် ကျူးဘားနိုင်ငံတို့အကြား ပုံမှန်ဆက်ဆံရေး ပြန်လည် စတင်နိုင်ဖို့အတွက် သမ္မတ ဘရက်အိုဘားမားရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်း အဖြစ် ကျူးဘားကို သွားရောက် လည်ပတ်တဲ့ အမေရိကန်နိုင်ငံသားတွေ အတွက် အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ စည်းမျဉ်းသစ်တွေကို ဒီကနေ့ သောကြာနေ့မှာ စတင် ထုတ်ပြန်ပါတယ်။

ကျူးဘားလူမျိုး အများအပြား၊ အထူးသဖြင့် ကုန်သည်တွေဟာ အမေရိကန်နိုင်ငံ သားတွေကို ကျူးဘားကို လွတ်လပ်စွာ ကူးသန်း သွားလာခွင့် ပြုလိုက်တဲ့ အခွင့်ကောင်းကိုယူပြီး ကျူးဘားနိုင်ငံထဲ လာရောက် လည်ပတ်တာ၊ ရင်းနှီး မြှုပ်နှံတာတွေ ရှိလာမယ့် အခြေအနေကို စောင့်မျှော်နေကြ ပါတယ်။

အမေရိကန် ခရီးသွားတွေအနေနဲ့ ဒေါ်လာ ၁၀၀ ဖိုး ဆေးလိပ်နဲ့ အရက် အပါအဝင် တကိုယ်ရေ အသုံးပြုဖို့အတွက် ကျူးဘားကနေ ကုန်ပစ္စည်း ဒေါ်လာ ၄၀၀ ဖိုးအထိ အမေရိကန်ကို ပြန် သယ်လာခွင့် ရှိပါတယ်။ အမေရိကန်တွေ အနေနဲ့ အစိုးရထံကနေ အထူး လိုင်စင် ယူစရာမလိုတော့ဘဲ ကျူးဘားနိုင်ငံကို သွားရောက် လည်ပတ် နိုင်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးဘားနဲ့ ပုံမှန် ခရီးသွားလုပ်ငန်းတွေကိုတော့ အမေရိကန်က ဆက်လက် တားမြစ်ထားဆဲ ဖြစ်ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေအရ ကျူးဘားကို ငွေအလွှဲအပြောင်း လုပ်နိုင်တဲ့ ပမာဏကို တိုးမြင့်ပေးမှာဖြစ်သလို၊ အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းတွေအနေနဲ့ ကျူးဘားဘဏ်တွေမှာ ဘဏ်အကောင့် ဖွင့်ခွင့်ပြုမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ အိုဘားမားရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာ ကျူးဘားနိုင်ငံအပေါ် ဆယ်စုနှစ်တွေနဲ့ချီ ချမှတ်ထားတဲ့ ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုကိုတော့ အပြည့်အ၀ ဖယ်ရှားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။

XS
SM
MD
LG