သုံးရလွယ်ကူစေသည့် Link များ

ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေ အပေါ် ဖြေလျှော့ပေးတဲ့ ဥပဒေသစ်တွေကို သောကြာနေ့ စတင် ကျင့်သုံးတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ကြေညာလိုက်ပါတယ်။

ဒါဟာ ကွန်မြူနစ် ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်လုပ်ဖို့ ဦးတည်ပြီး ပြီးခဲ့တဲ့ လတုန်းက အိုဘားမား အစိုးရအဖွဲ့ ကြေညာခဲ့တာကို အကောင်ထည်ဖော်တဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ အမေရိကန် ပြည်ထောင်စုဟာ အလုပ်သိပ်မဖြစ်တဲ့ အရင်မူဝါဒဟောင်းကို အစားထိုးပြင်ဆင်ဖို့အတွက် ခြေတလှမ်းပိုပြီး နီးလာတာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Jack Lew က ပြောကြားခဲ့ပါတယ်။

အခု အသစ်ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ အမေရိကန် နိုင်ငံသားတွေအနေနဲ့ သူတို့ ကျူးဘားနိုင်ငံဆီ ဘာ့ကြောင့် သွားရောက်ခွင့် ပေးဖို့လိုတယ် ဆိုတဲ့ အကြောင်းပြချက်တွေ တင်သွင်းရတဲ့ ခရီးသွားလိုင်စင် လျှောက်စရာ မလိုတော့ ပါဘူး။ ခရီးသွားအေးဂျင့်တွေ၊ လေကြောင်းလိုင်းတွေအနေနဲ့လည်း လိုင်စင် လျှောက်စရာမလိုဘဲ ဝန်ဆောင်မှုပေးခွင့်ပြုမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျူးဘားနိုင်ငံကို သွားရောက်မယ့် သာမန် နိုင်ငံခြား ခရီးသွားတွေ အတွက်တော့ ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ ကျူးဘားအရေးဆိုင်ရာ အမေရိကန် ဥပဒေရေးရာ ရှေ့နေတဦးဖြစ်တဲ့ Robert Muse ကတော့ ခွင့်ပြုချက်မရဘဲ ခရီးသွားသူတွေအတွက် ဒဏ်ငွေဆောင်ရမှာ ဖြစ်သလို အဖွဲ့လိုက် ခရီးသွားဖို့ လုပ်ဆောင်သူတွေလည်း ဒဏ်ငွေဆောင်ရမှာ ဖြစ်တဲ့အတွက် ကျူးဘားကို ခရီးသွားဖို့ လုပ်မယ် ဆိုရင် သေသေချာချာ စုံစမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ တချို့ လွှတ်တော်အမတ်တွေကတော့ အခု လျှော့ပေါ့ပေးတဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီတိုးတက်ရေးအတွက် အားပေးရာ မရောက်ဘူးလို့ ဝေဖန်ကြပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG