သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နဲ့ အာဖဂန်က အကျဉ်းသားညှဉ်းပမ်းမှုပုံများ ကန် ထုတ်ပြန်


၂၀၀၃ခုနှစ် ဒီဇင်ဘာလ ၁၂ရက်က အီရတ် နိုင်ငံ၊ ဘဂ္ဂဒက်မြို့၊ Abu Ghraib အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော အကျဉ်းသားတစ်ဦးကို ညှဉ်းပမ်းနေသည့် ဖြစ်ရပ်ကို အေပီသတင်းဌာနက ရရှိထားသည့်ဓါတ်ပုံ။
၂၀၀၃ခုနှစ် ဒီဇင်ဘာလ ၁၂ရက်က အီရတ် နိုင်ငံ၊ ဘဂ္ဂဒက်မြို့၊ Abu Ghraib အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော အကျဉ်းသားတစ်ဦးကို ညှဉ်းပမ်းနေသည့် ဖြစ်ရပ်ကို အေပီသတင်းဌာနက ရရှိထားသည့်ဓါတ်ပုံ။

၂၀၀၁-ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း အီရတ်နဲ့ အာဖဂန်နစ္စတန် ထိန်းသိမ်းရေး စခန်းတွေမှာ ဖြစ်ပွားခဲ့တဲ့ အကျဉ်းသားတွေအပေါ် မတော်မတရားပြုမူတဲ့ အမှုတွေနဲ့ ဆိုင်တဲ့ ဓာတ်ပုံ၂၀၀နီးပါးကို ပင်တဂွန်စစ်ဌာနချုပ်က အများပြည်သူသိအောင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် တပ်သားတွေ မတော်မတရား လုပ်ဆောင်တယ်ခဲ့ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ ဒီဓာတ်ပုံတွေဟာ ထွက်ပေါ်လာတာဖြစ်တယ်လို့ ကာကွယ်ရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။

အဲ့ဒီ စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ အဲ့ဒီထဲကဖြစ်ရပ် ၁၄ခုနဲ့ တပ်သား ၆၅ ဦးတို့ဟာ မမှန်မကန် လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် အရေးယူခံခဲ့ရပြီးဖြစ်ပါတယ်။

အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ The American Civil Liberties Union အဖွဲ့က သတင်းအချက်အလက် လွတ်လပ်ခွင့် အက်ဥပဒေအရ ဒီလို မတော်မတရားပြုမှု မှတ်တမ်းတွေကို အများပြည်သူကို ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီဓါတ်ပုံတွေကို ၂၀၀၉ခုနှစ်၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ စာရွက်စာတမ်းများ ကာကွယ်ရေး အက် ဥပဒေ အရ အများပြည်သူကို ချမပြပဲ သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။

ဒီထိမ်းသိမ်းထားတဲ့ ဓါတ်ပုံ တွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က ၂၀၁၅ နိုဝင်ဘာလမှာ ပြန်လည် သုံးသပ်ပြီး၊ ၁၉၈ ပုံကို အများပြည်သူမျက်ကွယ်မှာ ထားဖို့မလိုဘူးလို့ ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG