သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက ယူကရိန်းဖက် လက်နက်ကြီးနဲ့ ပစ်ခတ်သည့်ပုံများ ကန် ထုတ်ပြန်


ယူကရိန်းအရှေ့ပိုင်း Semenovka ရွာကလေးက အမြောက်ထိမှန် ပျက်စီးသွားတဲ့ အဆောက်အဦး မြင်ကွင်း။ (ဂျုလိုင် ၁၉၊ ၂၀၁၄)
ယူကရိန်းအရှေ့ပိုင်း Semenovka ရွာကလေးက အမြောက်ထိမှန် ပျက်စီးသွားတဲ့ အဆောက်အဦး မြင်ကွင်း။ (ဂျုလိုင် ၁၉၊ ၂၀၁၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဆိုအရ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသကို ရုရှားနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော်ပြီး ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ်နေတာကို ဆက်သွယ်ရေးဂြိုဟ်တုက ရိုက်ယူထားတဲ့ သက်သေအထောက်အထား ဓါတ်ပုံတွေလို့ဆိုတဲ့ ပုံတွေကို နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံအတွင်းကနေ ဒုံးကျည်နဲ့ အမြောက်တွေ ယူကရိန်းနိုင်ငံထဲကို အကြိမ်ကြိမ် ပစ်လွှတ်နေတဲ့ပုံတွေလို့ အမေရိကန် သုတေသီက ပြောဆိုနေတဲ့ရုပ်ပုံတွေ ပါဝင်တဲ့ လေးမျက်နှာပါ အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်တာပါ။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာအနီးမှာ ရှိနေကြတဲ့ ယူကရိန်း တပ်ဖွဲ့တွေအနားကို အမြောက်ဆံတွေကျပြီး ကျင်းတွေဖြစ်နေတဲ့ တခြားပုံတွေလည်း ပါဝင်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အချိန် ထုတ်ပြန်လိုက်တဲ့ ဒီ ဓါတ်ပုံတွေနဲ့ ပတ်သက်လို့ ရုရှားဖက်က တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိပါဘူး။

ရုရှားဖက်က အခုလို ယူကရိန်းနိုင်ငံအတွင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရပ်တန့်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တယ်လီဖုန်းနဲ့စကားပြောတဲ့အချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ထည့်သွင်း ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သီးခြား ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG