သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တွေ အင်တာနက်က တဆင့် တပ်သားစုမှု FBI သတိပေး


FBI ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို
FBI ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို

အင်တာနက်ကတဆင့် အကြမ်းဖက်သမား ဖြစ်နိုင်ခြေရှိသူတွေကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေက တပ်သားသစ် စုဆောင်းနေတာကို သတိထား စောင့်ကြည့်ကြဖို့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူ လူထုကို FBI ပြည်ထောင်စု ထောက်လှမ်းရေးဗြူရိုက ကြာသပတေးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

အထူးသဖြင့်တော့ IS အဖွဲ့က လူမှုကွန်ယက်တွေ အသုံးပြုပြီး တပ်သားသစ် စုဆောင်းနေတဲ့ ကိစ္စအပေါ် သူတို့အနေနဲ့ စိုးရိမ် ပူပန်ကြောင်း၊ ဒါကြောင့်လည်း လူထုအနေနဲ့ သတိထား စောင့်ကြည့်ပြီး မသင်္ကာစရာတွေ့ရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားစေလိုကြောင်း FBI အရာရှိတဦးက AFP သတင်းဌာန ကို ပြောကြားခဲ့တာပါ။

ဆီးရီးယားနိုင်ငံမှာရှိတဲ့ IS အဖွဲ့နဲ့ သွားရောက် ပူးပေါင်းနိုင်အောင် အင်တာနက် ကနေ လုပ်ဆောင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝါရှင်တန် ဆင်ခြေဖုံးမှာနေတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦးကို FBI က ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း The Washington Post သတင်းစာမှာ ဗုဒ္ဓဟူးနေ့ က ရေးထားပါတယ်။ အဲဒီ အမှုနဲ့ပတ်သက်လို့ FBI က တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

အမေရိကန်နိုင်ငံအတွင်းက မြို့နယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ အလုပ်အကိုင်မရှိပဲ ပျင်းနေကြမယ့် လူငယ်တွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်ဖို့ ပြီးခဲ့တဲ့လအတွင်း သမ္မတ အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ အကြမ်းဖက်မှု ထိပ်သီး ညီလာခံမှာ သမ္မတ Barack Obama က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အဲဒီလို လူငယ်တွေဟာ အကြမ်းဖက်သမားတွေအတွက် အဓိက ပစ်မှတ်ဖြစ်ပါတယ်။

XS
SM
MD
LG