သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump မပါတဲ့ Republican စကားစစ်ထိုးပွဲ


ရီပတ်ဘလီကန်ပါတီတွင်း အကြိုရွေးကောက်ပွဲ မတိုင်ခင်မှာ နောက်ဆုံးစကားစစ်ထိုးပွဲ။ (ဇန်နဝါရီ ၂၈၊၂၀၁၆)
ရီပတ်ဘလီကန်ပါတီတွင်း အကြိုရွေးကောက်ပွဲ မတိုင်ခင်မှာ နောက်ဆုံးစကားစစ်ထိုးပွဲ။ (ဇန်နဝါရီ ၂၈၊၂၀၁၆)

လာမယ့်နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်းဖြစ်ဖို့ ကြိုးစား နေသူ ခုနစ်ဦး အကြား ကြာသပတေးနေ့ ည က စကားစစ်ထိုးပွဲ လုပ်ကြပါတယ်။ ကိုယ်စား လှယ်လောင်းတွေ ကြား ထိပ် ကပြေးနေ တဲ့ Donald Trump မပါဘဲ လုပ်တဲ့ အဲဒီပွဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒလို ကိစ္စရပ်တွေကို ယှဉ်ပြိုင်သူ တွေကြား ငြင်းခုန် ပြောဆိုကြပါတယ်။

တက္ကဆက်စ် အထက်လွှတ်တော်အမတ် Ted Cruz နဲ့ ဖလော်ရီဒါ အထက် လွှတ်တော်အမတ် Marco Rubio တို့အကြား စကား စစ်ထိုးပွဲ တပွဲလုံးလိုလို အပြန်အလှန် အခြေအတင် ငြင်းခုန်တာတွေ ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ လူထုစစ်တမ်းတွေမှာ Donald Trump နောက် ဆယ်ဂဏန်းလောက် ထိ ထောက်ခံမှု လျော့နေသူတွေပါ။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Jeb Bush ကတော့ အခုစကားစစ်ထိုးပွဲ မှာ ပိုပြီး သက်တောင့်သက်သာ ရှိပုံရပြီး မစ္စတာ Rubio နဲ့ အခြေအတင် ငြင်းခုန်တာ တချို့ ခပ်သွက်သွက် လုပ်ခဲ့ပါတယ်။ Jeb Bush ဟာ အရင် စကားစစ်ထိုးပွဲတွေမှာ အားမပါတဲ့ပုံမျိုးရှိခဲ့ပြီး မစ္စတာ Trump က မခံချိမခံသာဖြစ်အောင် ပြောတာကို မကြာခနခံရသူပါ။

တနင်္လာနေ့ Iowa caucus အကြိုရွေးချယ်ပွဲမတိုင်ခင် နောက်ဆုံးထွက်ထားတဲ့ လူထုသဘောထားစစ်တမ်းအများစုမှာ မစ္စတာ Trump က ဦးဆောင်နေဆဲဖြစ် တာကြောင့် ကျန်တဲ့ ကိုယ်စားလှယ်လောင်းအသီးသီးဟာ သူ့ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေကြပါ တယ်။

XS
SM
MD
LG