သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရဲ့ လက်လွတ်စပယ်အပြုအမူ ကန်ကာကွယ်ရေးဝန်ကြီး ရှုံ့ချ


ကန်ကာကွယ်ရေးဝန်ကြီး Jim Mattis
ကန်ကာကွယ်ရေးဝန်ကြီး Jim Mattis

ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်းနဲ့သူ့သမီးတို့ကို စစ်သုံးအဆင့် အာရုံကြောထိခိုက်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်မှုမှာ ရုရှားက နောက်ကွယ်မှာ ရှိနေတာ သိပ်ကိုသိသာတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောကြားရင်း ရုရှားရဲ့ အန္တရာယ်ကြီးတဲ့ ပရမ်းပတာလုပ်ရပ်အတွက် ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ရုရှားသံအမှုထမ်းတွေ ပြန်ပို့တဲ့အထိဖြစ်ခဲ့ရတဲ့ ဒီဖြစ်ရပ်အတွက် အင်္ဂါနေ့မှာ ဝန်ကြီး Mattis က ပင်တာဂွန်စစ်ဌာနချုပ်မှာ သတင်းထောက် တွေရဲ့အမေးကို ဖြေကြားခဲ့တာပါ။

သမ္မတအိမ်ဖြူကလည်း နိုင်ငံပေါင်း ၂၅ နိုင်ငံက သူတို့နိုင်ငံတွေထဲမှာ သံတမန်အလုပ်နဲ့ ဘန်းပြပြီးထောက်လှန်းရေး လုပ်နေတဲ့ ရုရှား အရာရှိပေါင်း ၁၅၀ လောက်ကို နှင်ထုတ်ခဲ့ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီး အမေရိကန်အစိုးရလုပ်သလို နောက်ထပ်လုပ်ဆောင်မယ့် နိုင်ငံတွေ ရှိလာမယ်လို့ မျှော်လင့်ရကြောင်းလည်း ပြောပါတယ်။

ရုရှားအပေါ် ဖိအား ပေးနေသလို အမေရိကန်ရဲ့မဟာမိတ်တွေ မိတ်ဆွေတွေလည်း အတူလက်တွဲ ဆောင်ရွက်ကြဖို့ အားပေး တိုက်တွန်းနေကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Sanders ကပြောကြားခဲ့ပြီး ရုရှားရဲ့လုပ်ရပ်ကို ဆန့်ကျင်ကြဖို့ နိုင်ငံအများအပြားကို တောင်းဆိုလိုက်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းမှာ NATO စစ်မဟာမိတ်အဖွဲ့က ရုရှားသံအမှုထမ်း ၇ ဦးနဲ့ တခြား ၃ ဦးတို့ကို ဖယ်ရှားလိုက်ကြောင်း ကြေညာ ခဲ့ပြီးနောက်မှာ အခုလို သမ္မတအိမ်ဖြူနဲ့ ပင်တာဂွန်ဌာနချုပ်တို့က ပြောကြားလိုက်တာဖြစ်ပါတယ်။ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က ရုရှားရဲ့ လုပ်ရပ်အတွက် ဒီလို အကျိုးဆက်တွေ ခံစားရမယ် ဆိုတာသိစေချင်တဲ့အတွက် အခုလို လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။

please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG