သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာဗျူဟာလက်နက် စာချုပ် အတည်ပြုဖို့ ကောလင်း ပါဝဲလ် တိုက်တွန်း


မဟာဗျူဟာလက်နက် စာချုပ် အတည်ပြုဖို့ ကောလင်း ပါဝဲလ် တိုက်တွန်း

အမေရိကန်လွှတ်တော်မှာ အခုတင်ပြထားတဲ့ ရုရှားနဲ့ နျူကလီးယားဆိုင်ရာ သဘောတူ စာချုပ်ဟာ အမေရိကန် အနေနဲ့ ရုရှားရဲ့ နျူကလီးယား ခြေလှမ်းတွေကို စောင့်ကြည့်နိုင်တဲ့ အခွင့်အလမ်း ရစေမယ့်စာချုပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကောလင်း ပါဝဲလ် (Colin Powell) က ပြောလိုက်ပါတယ်။

မဟာဗျူဟာလက်နက် လျှော့ချရေး စာချုပ်သစ်ကို အမေရိကန် အထက်လွှတ်တော်က အမြန်ဆုံး အတည်ပြုပေးဖို့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီးတဲ့နောက် မစ္စတာ ပါဝဲလ်က ပြောလိုက်တာပါ။

ဒီစာချုပ်အပေါ် ဥပဒေပြု အမတ်တွေ သံသယ ရှိတာဟာ သင့်မြတ်ပေမဲ့ ပြဿနာတွေကို သမ္မတ အိုဘားမားက ဖြေရှင်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတ အိုဘားမားကလည်း ဒီစာချုပ်ကို ဒီနှစ်မကုန်ခင် အတည်ပြုပေးဖို့ ထပ်မံ ပြောကြားလိုက်ပါတယ်။

အမေရိကန်က ဒီ START လို့ခေါ်တဲ့ လက်နက်မပြန့်ပွားရေး စာချုပ်ကို အတည်မပြုရင် ရုရှားအနေနဲ့ နျူကလီးယား လက်နက်တွေ တည်ဆောက်ရလိမ့်မယ်လို့ ရုရှားဝန်ကြီးချုပ်ကလည်း သတိပေးထားပါတယ်။

ဒီစာချုပ်ဟာ အမေရိကန်အတွက် အလွန်အကျိုးရှိမှာဖြစ်ပြီး ဒါကို လျစ်လျူရှုကြမယ်ဆိုရင် အမေရိကန် လွှတ်တော်အမတ်တွေ အမြင်မကျယ်ရာ ကျမယ်လို့ လယ်ရီကင်းရဲ့ အင်တာဗျူးမှာ မစ္စတာ ပူတင်က ပြောသွားပါတယ်။

XS
SM
MD
LG