သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ၂ နိုင်ငံ ဆက်ဆံရေး ပြန်လည်ဆန်းသစ်နိုင်


သမ္မတ အိုဘားမား (Barack Obama) နဲ့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီယက်ဒက်ဗ် (Dimitri Medvedev) တို့ဟာ အောင်မြင်စွာနဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပြန်လည်ဆန်းသစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြပြီး မစ္စတာ မက်ဒ်ဗီယက်ဒက်ဗ်ဟာ ခိုင်မာကျစ်လစ်တဲ့၊ အားထားလောက်တဲ့ မိတ်ဆွေ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

အိမ်ဖြူတော်မှာ မနေ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောဆိုလိုက်တာပါ။ ခေါင်းဆောင် ၂ ဦး အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ကြပြီး ဝါရှင်တန်မြို့ ဆင်ခြေဖုံးရှိ အမေရိကန်ရိုးရာ ဟမ်ဘာဂါ စားသောက်ဆိုင် တဆိုင်မှာ နေ့လယ်စာ စားခဲ့ကြပါတယ်။

ရုရှားနိုင်ငံက WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲ ဝင်ခွင့်ရရေး ၉၀-၉၅% ပြေလည်မှု ရရှိထားပြီးဖြစ်လို့ ဒီ့ထက်မက တိုးပြီး ထပ်ဆွေးနွေးနိုင်ရေး သမ္မတ အိုဘားမားက တွန်းအားပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ မပြေလည်နိုင်သေးတဲ့ အချက်တွေ ဒီနှစ်ကုန်ပိုင်းမှာ အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ မက်ဒ်ဗီယက်ဒက်ဗ်ကတော့ ရုရှားနိုင်ငံ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲ ဝင်ခွင့်ရရေး စက်တင်ဘာ လကုန်ပိုင်းမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၆ လက ပိတ်ပင်ခဲ့တဲ့ ရုရှားနိုင်ငံကို အမေရိကန်ကြက်သား တင်ပို့မှု ရုပ်သိမ်းပေးဖို့ကိုလည်း သမ္မတ ၂ ဦး သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

XS
SM
MD
LG