သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သံတမန် ၆၀ ရုရှား နှင်ထုတ်မည်


မော်စကိုရှိ အမေရိကန်သံရုံး
မော်စကိုရှိ အမေရိကန်သံရုံး

အမေရိကန်သံတမန်တွေကို ရုရှားကနှင်ထုတ်တာမှာ ဘယ်လို ခိုင်မာတဲ့အကြောင်းမှ မရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့မှာပြောပါတယ်။ ရုရှားသံတမန် အယောက် ၆၀ ကို အမေရိကန်က နှင်ထုတ်ပြီးတဲ့နောက် ရုရှားက လက်တုန့်ပြန် တဲ့အနေနဲ့ အမေရိကန်သံတမန် အယောက် ၆၀ ကို နိုင်ငံကနေထွက်သွားဖို့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောတဲ့ အပေါ် အမေရိကန်ဘက်က တုံ့ပြန်ပြောဆိုတာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ကြာသပတေးနေ့အစောပိုင်း အဲဒီကြေညာချက်အပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က ဝေဖန်ပြောဆိုပါတယ်။ ရုရှားအနေနဲ့ ကိုယ်ကခံရတဲ့လူလို မပြုမူသင့်ဘူးလို့ ပြောခွင့်ရ Nauert က ပြောပါ တယ်။ တကယ်တမ်းခံရတဲ့လူတွေဟာ ဗြိတိန်နိုင်ငံ၊ Salisbury မြို့မှာ မတ်လ ၄ ရက်နေ့ အာရုံကျောထိ ဓာတုအဆိပ်နဲ့ တိုက်ခိုက် ခံရသူတွေသာဖြစ်တယ်လို့လည်းဆိုပါတယ်။ Heather Nauert ဟာ အမေရိကန်နိုင်ငံခြားရေးဌာန၊ လူထုဆက်ဆံရေးနဲ့ လူထု ရေးရာဌာနခွဲရဲ့ ယာယီအငယ်တန်းဝန်ကြီးလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့က အမေရိကန် ကောင်စစ်ဝန်ရုံး လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး နှစ်ရက်အတွင်း ပိတ်ပစ်ဖို့ကိုလည်း ရုရှားက ညွှန်ကြားထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံရတဲ့ ရုရှားသူလျှိုဟောင်း Sergei Skripal ရဲ့သမီးဖြစ်သူ Yulia Skripal ရဲ့ အခြေအနေဟာ အလျင်အမြန်တိုးတက်လာနေပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ဆက်ရှိမနေတော့ဘူးလို့ Salisbury ခရိုင်ဆေးရုံက ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူး Christine Blanshard ကပြောပါတယ်။ Sergei Skripal ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတုန်းပဲလို့လည်း သူကပြောပါတယ်။

ကန် သံတမန် ၆၀ ရုရှား နှင်ထုတ်မည်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG