သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူလက်နက် လျှော့ချရေးစာချုပ် အမေရိကန် အတည်ပြုဖို့ ဥရောပနဲ့ ရုရှားတိုက်တွန်း


နျူလက်နက် လျှော့ချရေးစာချုပ် အမေရိကန် အတည်ပြုဖို့ ဥရောပနဲ့ ရုရှားတိုက်တွန်း
နျူလက်နက် လျှော့ချရေးစာချုပ် အမေရိကန် အတည်ပြုဖို့ ဥရောပနဲ့ ရုရှားတိုက်တွန်း

အမေရိကန်နိုင်ငံနဲ့ ရုရှားတို့အကြား နျူကလီးယားလက်နက် ကာကွယ်ရေး စာချုပ်အသစ် ချုပ်ဆိုနိုင်ဖို့အတွက် အမေရိကန်နိုင်ငံဘက်က အတည်ပြုပေးဖို့ EU ဥရောပသမဂ္ဂနဲ့ ရုရှားနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမှာ ကျင်းပတဲ့ နေတိုး မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးကနေ START လို့ခေါ်တဲ့ ဒီစာချုပ်အတွက် နေတိုးအဖွဲ့ဝင် နိုင်ငံတွေဆီကရော၊ ထိပ်တန်း စစ်ဘက်တာဝန်ခံတွေနဲ့ အရင် စီမံခန့်ခွဲရေး အရာရှိဟောင်းကြီးတွေ အားလုံးရဲ့ ထောက်ခံမှုကို ခိုင်ခိုင်မာမာ ရရှိခဲ့တဲ့နောက်မှာ စနေနေ့က အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီစာချုပ်ဟာ အမျိုးသား လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်တာမို့ နှောင့်နှေးနေလို့ မဖြစ်ဘူးလို့ အစောပိုင်းမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားခဲ့ပြီး ဒီသဘောတူညီမှုကို အတည်ပြုနိုင်ဖို့အတွက် အမေရိကန် အထက်လွှတ်တော်က အမြန်ချမှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလစ်ကန် အမတ်တွေက ဒီစာချုပ် သဘောတူညီမှုအတွက် တုံ့ဆိုင်းနေချိန်မှာ ရုရှားအပါအဝင် EU ဥရောပနိုင်ငံ အများအပြားကတော့ ဒီစာချုပ် ချုပ်ဆိုနိုင်ဖို့ ကိစ္စဟာ အရေးပါသလို အချိန်နဲ့ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဥရောပဒေသဟာ လုံခြုံရေးဆိုင်ရာ အန္တရာယ် သိပ်ကို ကြီးမားနေတယ်လို့ နေတိုး အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံက နေတိုးနဲ့ စတင် ပူးပေါင်းဆောင်ရွက်တဲ့ သမိုင်းဝင်လုပ်ရပ် စတင်လိုက်တဲ့နောက်မှာ နေတိုးအကြီးအကဲက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG