သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား ကန့်သတ်ရေးစာချုပ် အမေရိကန် အတည်ပြု


နျူကလီးယား ကန့်သတ်ရေးစာချုပ် အမေရိကန် အတည်ပြု

သမ္မတ အိုဘားမားရဲ့ အဓိကကျတဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒအတွက် အောင်ပွဲတရပ်အဖြစ် အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

ဗုဒ္ဓဟူးနေ့က ဒီ START လို့ခေါ်တဲ့ မဟာဗျူဟာ နျူကလီးယားလက်နက် လျှော့ချရေး စီမံချက်ကို ထောက်ခံမဲ ၇၁ မဲ၊ ကန့်ကွက်မဲ ၂၆ မဲနဲ့ အတည်ပြုနိုင်ခဲ့တာပါ။ လွှတ်တော်အမတ် ဦးရေရဲ့ သုံးပုံနှစ်ပုံ အတည်ပြုမှသာ ဒီသဘောတူညီချက်က အတည်ဖြစ်ရမှာပါ။

ဒီသဘောတူညီချက်က သက်တမ်းကုန်ဆုံးသွားတဲ့ စာချုပ်နေရာမှာ အစားထိုးဖို့ ဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန်ကြားက နောက်ထပ် နျူကလီးယား လက်နက်တွေ လျှော့ချရေးကို ဆက်ပြီး ဆောင်ရွက်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ လက်နက်လျှော့ချရေး အတည်ပြုချက်အတွက် ပူးပေါင်းဆောင်ရွက်ရေး စနစ်တရပ်ကိုလည်း ဒီစာချုပ်အရ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အခုလို ရုရှားနဲ့ ချုပ်ဆိုဖို့ START စာချုပ်ကို အတည်ပြုပေးလိုက်တဲ့ အထက်လွှတ်တော်ကို သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

ပြိုင်ဘက် ရီပတ်ဘလစ်ကန် အများစုကတော့ ဒီသဘောတူညီချက်ဟာ မိမိတို့တိုင်းပြည်ကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ့် အန္တရာယ်ကို ကာကွယ်ဖို့ အမေရိကန်ရဲ့ ကာကွယ်ရေး စွမ်းရည်ကို ကန့်သတ်လိုက်တာ ဖြစ်တယ်ဆိုပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

XS
SM
MD
LG