သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားတိုက်ပွဲ ရပ်စဲရေး အမေရိကန်နဲ့ ရုရှားစီစဉ်


ဆီးရီးယား အပစ်ရပ်ရေး သဘောတူညီချက်ရန် ရက်အနည်းငယ်သာလိုတော့ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြီးခဲ့သော တနင်္ဂနွေနေ့က ဂျော်ဒန်နိုင်ငံ အမ္မန် မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားနေစဉ်။ (AP Photo/Raad Adayleh)
ဆီးရီးယား အပစ်ရပ်ရေး သဘောတူညီချက်ရန် ရက်အနည်းငယ်သာလိုတော့ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြီးခဲ့သော တနင်္ဂနွေနေ့က ဂျော်ဒန်နိုင်ငံ အမ္မန် မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားနေစဉ်။ (AP Photo/Raad Adayleh)

ဆီးရီးယားနိုင်ငံအတွင်း ရန်လိုတိုက်ခိုက်နေမှုတွေ ရပ်တန့်သွားစေရေး အစီအစဉ်တွေကို အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့အကြား သဘောတူညီမှု ရရှိခဲ့ပြီး၊ ဒီလို သဘောတူလိုက်တဲ့အတွက် စစ်ပွဲကြားပိတ်မိနေတဲ့ မြို့တွေကို လူသားချင်းစာနာထောက်ထားတဲ့ အကူညီတွေ ပံ့ပိုးပေးနိုင်ဖို့ နဲ့ နိုင်ငံရေးအသွင်ကူပြောင်းရေး ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပ စေနိုင်ဖို့ လမ်းဖွင့်ပေးစေမှာဖြစ်ပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ပူးတွဲကြေညာချက်မှာ အပစ်ခတ် ရပ်စဲမှုကို ဖေဖေါ်ဝါရီလ ၂၇ နေ့မှာ စတင်ဖို့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့က အဆိုပြုထားပါတယ်။ ဒါဟာ ပဋိပက္ခ အတွင်း ပါဝင်ပတ်သက်နေတဲ့ အဖွဲ့ အစည်းတွေအားလုံး အတွက် သက်ရောက်စေရမှာ ဖြစ်ပြီး အကြမ်းဖက် အုပ်စုတွေဖြစ်တဲ့ IS အစ္စလာမ်မစ် စစ်သွေးကြအဖွဲ့နဲ့ အယ်လ်ခိုက်ဒါး အဖွဲ့တက်စပ်နေတဲ့ Jabhat al-Nusra အဖွဲ့တွေနဲ့ မသက်ဆိုင်ဘူးလို့ပြောပါတယ်။

ဒီလိုသဘောတူညီမှုရရှိဖို့အတွက် သမ္မတ ဘားရက်အိုဘားမားနဲ့ ရုရှားသမ္မတ Vladimir Putin တို့ တနင်္လာနေ့မှာ တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးကို အထောက်အကူပြုနိုင်အောင် ကူညီဖို့ အရေးပေါ် ဆက်သွယ်ရေးလိုင်း တခု ထားရှိမှာဖြစ်သလို လိုအပ်ရင် သတင်းအချက်အလက်တွေ ဖလှယ်ဖို့ အလုပ်အဖွဲ့ တခု ဖွဲစည်းသွားမယ့်အကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားရဲ့ ပူးတွဲ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG