သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ရုရှား နျူလက်နက်လျှော့ချရေး စာချုပ်စတင်အကျုံးဝင်


အမေရိကန်-ရုရှား နျူလက်နက်လျှော့ချရေး စာချုပ်စတင်အကျုံးဝင်

အမေရိကန်နဲ့ရုရှား နှစ်နိုင်ငံ အသီးသီးပိုင်ဆိုင်ကြတဲ့ နျူကလီးယား ကျည်ဖူးတပ်လက်နက်ကြီး အရေအတွက် ကန့်သတ်မယ့် မဟာဗျူဟာမြောက် လက်နက်ကြီးတွေလျှော့ချရေး သဘောတူစာချုပ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဖလှယ်နိုင်ခဲ့ကြပြီး မနေ့က စနေနေ့ကပြီး အကျုံးဝင်သွားပြီဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံကို တက်ရောက်နေကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ (Serjei Lavrov) တို့က ညီလာခံပြင်ပ သီးခြားတွေ့ဆုံပြီး မဟာဗျူဟာမြောက် လက်နက်ကြီးတွေ လျှော့ချရေး သဘောတူစာချုပ် အသိအမှတ်ပြု မှတ်တမ်းတွေကို ဖလှယ်နိုင်ခဲ့ကြတာပါ။

ဝန်ကြီး ဟီလရီကလင်တန်က ဒီစာချုပ်ဟာ အမြင်ကြည်လင်စွာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီးတော့ ဒါဟာ အားလုံးရဲ့ အကျိုးစီးပွားဖြစ်ပါတယ်လို့ ဆိုပါတယ်။ မစ္စတာ လာဗရော့ ကတော့ ဒီစာချုပ်ဟာ နိုင်ငံတကာ တည်ငြိမ်ရေးကို တိုးတက်စေတယ်လို့ သုံးသပ်ပါတယ်။

ဒီစာချုပ်မှာ ၂၀၀၂ ခုနှစ်ကကန့်သတ်ခဲ့တဲ့ နျူကလီးယားကျည်ဖူးတပ် လက်နက်ကြီးတွေ အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို လျှော့ချထားပြီး နှစ်နိုင်ငံစလုံးအနေနဲ့ နျူကလီးယားလက်နက် အရေအတွက် ၁,၅၅၀ အထိ ကန့်သတ်ထားရှိရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG