သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကန်ဟာ ရုရှားနဲ့ အဆင်ပြေလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း Baltic ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin နဲ့ သမ္မတ Trump တို့ကြား သိပ်ကောင်းမွန်တဲ့ဆက်ဆံရေး ရှိလာနိုင်သလို ဆက်ဆံရေး မကောင်းတဲ့ အခြေနေမျိုးလည်း ဖြစ်နိုင်ချေရှိကြောင်းသမ္မတ Trump ကပြောဆိုခဲ့သလို အခြေနေကို ဘယ်သူမှ ကြိုမသိနိုင်ဘူးလို့လည်း ပြောပါတယ်။

ရုရှားအပေါ်မှာ ဘယ်သူကမှ ဒီလောက်မတင်းမာခဲ့ဘူးကြောင်း Trump က ဂုဏ်ယူစွာနဲ့ ပြောကြားခဲ့ပေမယ့် ရုရှားသမ္မတနဲ့ Trump တို့ကြား ဆက်သွယ်ရေးလမ်းကြောင်း တွေ ပိုဖွင့်ထားမယ်ဆိုရင် အမေရိကန်အတွက် အကျိုးရှိနိုင်တယ်လို့လည်း ပြောကြားခဲ့တာပါ။

ရုရှားနဲ့ အဆင်ပြေပြေ ရှိနေတာဟာ ကောင်းတဲ့ ကိစ္စဖြစ်ကြောင်းပြောကြားခဲ့သလို ဒါကို လူညံ့တွေကလွဲလို့ လူတိုင်းလက်ခံ သဘောတူမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ ဗြိတိန်နိုင်ငံတွင်းမှာ ရုရှား ၂ ဖက်သူလျှိုကို အဆိပ်နဲ့ လုပ်ကြံခဲ့တဲ့အတွက် တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာ အမေရိကန်သမ္မတ Trump က ရုရှားသမ္မတ Putin ကို သမ္မတအိမ်ဖြူကို မဖိတ်ကြားသင့်ဘူးလို့ ပြောပါတယ်။ ဗြိတိန်မှာ ဒီအဆိပ်နဲ့ တိုက်ခိုက်မှုဟာ ရုရှားလုပ်ဆောင်တာမဟုတ်ဖူးလို့ ရုရှားအစိုးရက ငြင်းဆိုပါတယ်။

Heritage Foundation က Luke Coffee ကလည်း သမ္မတ Putin နဲ့ ပုံမှန်ဆက်သွယ်တာထက် ဒီလိုအချိန်မျိုးမှာ ရုရှားနဲ့ အမေရိကန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအနေနဲ့တော့ မလုပ်သင့်ဘူးလို့ ပြောပါတယ်။ တနင်္လာနေ့ကတော့ သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders က Trump နဲ့ Putin တို့မကြာသေးခင်က တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားမှုနောက်မှာ ၂ နိုင်ငံ တွေ့ဆုံဆွေးနွေးမှုကို မကြာခင်မှာပဲ ပြုလုပ်ဖို့ ဆွေးနွေးခဲ့သလို ဆွေးနွေးမယ့် နေရာဟာ သမ္မတအိမ်ဖြူဖြစ်နိုင်ကြောင်း ပြောကြားခဲ့တာပါ။

Putin နဲ့ ဆက်ဆံရေးကောင်းဖို့ Trump လိုလား
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG