ဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက်တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက်ကြပါတယ်။
သောကြာနေ့ညနေက ဘော်စတွန် ဗုံးခွဲမှုနဲ့ အလိုရှိနေတဲ့ ရုရှားနိုင်ငံ Chechen နယ်သား ဇိုခါ ဆာနေယက်ဗ် (Dzhokhar Tsarnaev) ကို အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ခဲ့တဲ့နောက် စနေနေ့က အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံခေါင်းဆောင် ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခုလို ပြောကြားခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူနဲ့ Kremlin တို့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲမှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား ဆီကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimier Putin) က ထပ်တလဲလဲ ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့တယ်လို့ Kremlin က ပြောပါတယ်။ နှစ်နိုင်ငံကြား လုံခြုံရေးကိစ္စရပ်တွေကို ပိုမိုအနီးကပ်လက်တွဲ လုပ်ဆောင်ကြဖို့ နည်းလမ်းတွေအတွက် သမ္မတ ပူတင် က ဆွေးနွေးလိုတယ်လို့ဆိုပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း ဘော်စတွန် တိုက်ခိုက်မှုနောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုအပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံက အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ်းလှမ်းလိုက်တာကြောင့် ဝမ်းသာတဲ့အကြောင်း တုံ့ပြန်လိုက်ပါတယ်။