သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနယ်စပ်မှ ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းပေးရေး သမ္မတ အိုဘားမား တောင်းဆို


ယူကရိန်း ခရိုင်းမီးယား ဒေသတွင်း စစ်ရေးမြင်ကွင်း။ (မတ် ၂၆၊ ၂၀၁၄)
ယူကရိန်း ခရိုင်းမီးယား ဒေသတွင်း စစ်ရေးမြင်ကွင်း။ (မတ် ၂၆၊ ၂၀၁၄)
ယူကရိန်းနယ်စပ်မှာ တင်းမာနေတဲ့ အခြေအနေကို လျှော့ချနိုင်ရေး ညှိနှိုင်းဆွေးနွေးဖို့ အတွက် ရုရှားနိုင်ငံအနေနဲ့ သူ့ရဲ့တပ်ဖွဲ့တွေကို ယူကရိန်း နယ်စပ်ကနေ ရုတ်သိမ်းပေးရလိမ့်မယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ ယူကရိန်းနိုင်ငံကို ခြိမ်းခြောက်တဲ့ အနေအထားမျိုး မရှိနိုင်ပါဘူးလို့ မစ္စတာအိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ ရုရှားမှာ ထပ်တိုးလုပ်လာနိုင်တဲ့ အစီအစဉ် ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေ တသိန်းနီးပါးဟာ ယူကရိန်းနိုင်ငံရဲ့ မြောက်ဖက် တောင်ဖက် နဲ့ အရှေ့ဖက် နယ်စပ် တလျှောက်မှာ ဖြန့်ကျက်ထားတယ်လို့ ယူကရိန်း အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ Andriy Parubiy က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ တိုက်ခိုက်ဖို့ အသင့်အနေအထားမျိုးမှာ ရှိနေတယ်လို့လည်း သူကပြောပါတယ်။

ရုရှားကတော့သူ့ရဲ့တပ်ဖွဲ့တွေဟာ နွေဦးရာသီ လေ့ကျင့်မှုပြုလုပ်နေကြတာဖြစ်တယ်လို့ ပြောဆိုသလို၊ ယူကရိန်းနိုင်ငံ နယ်စပ်ကို မဖြတ်ကျော်ဘူးဆိုတာကို အမေရိကန်ပြည်ထောင်စုကို ရှင်းပြထားပြီးဖြစ်တယ်လို့ပြောပါတယ်။
ယူကရိန်းရဲ့ အရှေ့နဲ့ တောင်ဖက် နယ်စပ်တွေမှာ ရှိတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ အရေတွက်ဟာ ၃ သောင်းလောက်ရှိတယ်လို့ အနောက်နိုင်ငံတွေက ကျွမ်းကျင်သူတွေကပြောပါတယ်။
XS
SM
MD
LG