သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားစာချုပ် ရုရှားဖောက်ဖျက်ဟု အမေရိကန်စွပ်စွဲ


ရုရှားနိုင်ငံက မြေပြင်ပစ် Cruise ဒုံးကျည်တခုကို စမ်းသပ်လိုက်တဲ့အတွက် သမိုင်းဝင် နျူကလီးယား စမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်ကို ချိုးဖောက်တယ်လို့ အမေရိကန်တို့က စွပ်စွဲလိုက်ပါတယ်။

၁၉၈၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့စာချုပ်ကို ရုရှားတို့ ချိုးဖောက်တယ်လို့ အမေရိကန်က ဆုံးဖြတ်တဲ့အကြောင်း အမေရိကန်သမ္မတ အိုဘားမားက ရုရှားသမ္မတ Vladimir Putin ဆီ တနင်္လာနေ့က စာရေးအကြောင်းကြားခဲ့တာပါ။

ဒီဒုံးကျည် စမ်းသပ်မှုသတင်းကို New York Times သတင်းစာကြီးက အစောဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရုရှားတို့ရဲ့ ဒီစမ်းသပ်မှုဟာ သမ္မတ Ronald Reagan နဲ့ ဆိုဗီယက်ခေါင်းဆောင် Mikhail Gorbachev တို့ လက်မှတ်ရေးထိုးခဲ့တဲ့ တာလတ်ပစ် နျူကလီးယားစာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တာလတ်ပစ် နျူကလီးယားစာချုပ်က ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ အထိ ပစ်ခတ်နိုင်တဲ့ မြေပြင်ပစ် ဒုံးကျည် ဖျက်သိမ်းရေးအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ယူကရိန်းအရေးနဲ့ Edward Snowden အရေးတို့ကြောင့် အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာချိန် ပေါ်ပေါက်လာတဲ့ ဒီပြဿနာကို အဆင့်မြင့်ဆွေးနွေးမှုနဲ့ ဖြေရှင်းလိုတယ်လို့ အမေရိကန် အရာရှိကြီးတွေက ဆိုပါတယ်။

XS
SM
MD
LG