သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တောင်ကိုရီးယားကို ကန်-ဒုံးလက်နက်တွေ ရောင်းမည်


တောင်ကိုရီးယားနိုင်ငံတွင် တွေ့ရတဲ့ အမေရိကန် ဒုံးလက်နက်များ။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြန်လည်ထွက်ပေါ် နေချိန်မှာပဲ အမေရိကန်က တောင်ကိုရီးယားနိုင်ငံကို ဒေါ်လာသန်း (၃၁၀)ကျော် တန်ဖိုးရှိတဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေရောင်းချပေးသွားဖို့ အလားအလာ ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့အဓိက အာရှမဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားက စစ်သင်္ဘောတွေပေါ်ကနေ ပစ်လွှတ်ရတဲ့ SM-2 အမျိုးအစား ဒုံးကျည်(၁၀၀)နီးပါးကို ရောင်းချပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒုံးခွင်းဒုံး အမျိုးအစားဖြစ်တဲ့ SM-2 ဟာထိန်းကျောင်းမှုစနစ် ၁၂ မျိုး ပါဝင်ပြီး နည်းပညာ အထောက်အကူအတွက် ကုန်ကုန်စာရိတ်တွေပါ ပေါင်းရင်၊ ဒေါ်လာ (၃၁၄)သန်းလောက် တန်ဖိုးရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ DSCA ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ DSCA အနေနဲ့ လွှတ်တော်ရဲ့ အသိမှတ်ပြုမှုရဖို့ ကြာသပတေးနေ့တုန်းက အမေရိကန်ကွန်ဂရက်ကို အကြောင်းကြားစာ ပေးပို့ ခဲ့ပါတယ်။တောင်ကိုရီးယားက ဝယ်ယူခဲ့တဲ့ အမေရိကန်လုပ် F-35 တိုက်လေယာဉ်တွေ မကြာသေးမီက ရောက်လာတာကို မြောက်ကိုရီးယားဘက်ကဝေဖန် ပြစ်တင်မှုတွေ ထွက်ပေါ်လာပြီးနောက် အခုလို ဒုံးလက်နက် ရောင်းချဖို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားစစ်တပ်က အမေရိကန် Raytheon Company ထုတ်၊ SM-2 ဒုံးကျည်တွေကို သုံးနေတယ်ဆိုပေမဲ့ ပိုပြီး ဖျက်အားကောင်းတဲ့ ဒုံးကျည်မျိုးကို အဲဒီကုမ္ပဏီက ထုတ်ဖို့ကြိုးပမ်းနေပါတယ်။ မြောက်ကိုရီးယားဘက်ကလည်း သူတို့ပြည်တွင်းထုတ် မြေပြင်ကနေ ဝေဟင်ပစ်တဲ့ ဒုံးကျည်တွေ ဘယ်လောက်ကောင်းကြောင်း ဂုဏ်ယူပြောဆိုနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG