သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရကို ပိတ်ဆို့မှု သက်တမ်းတိုးရေး အမေရိကန် အောက်လွှတ်တော် အတည်ပြု


မြန်မာအစိုးရကို ပိတ်ဆို့မှု သက်တမ်းတိုးရေး အမေရိကန် အောက်လွှတ်တော် အတည်ပြု
မြန်မာအစိုးရကို ပိတ်ဆို့မှု သက်တမ်းတိုးရေး အမေရိကန် အောက်လွှတ်တော် အတည်ပြု

အမေရိကန် အောက်လွှတ်တော်ဟာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု လုပ်ထားတာကို သက်တမ်းတိုးလိုက်ပါတယ်။ အောက်လွှတ်တော်အမတ်တွေဟာ အသံနဲ့ တညီတညွတ်တည်း အတည်ပြုလိုက်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မရှိတာတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက ၂၀၀၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့ထားတာပါ။

အရေးယူ ပိတ်ဆို့တဲ့ပုံကတော့ ကျောက်မျက်ရတနာ အပါအဝင် မြန်မာနိုင်ငံက တချို့ပစ္စည်းတွေ တင်သွင်းမှုနဲ့ မြန်မာအစိုးရ အရာရှိတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတာတွေပဲ ဖြစ်ပါတယ်။

အမေရိကန် အထက်လွှတ်တော်ကလည်း ဒီအရေးယူ ပိတ်ဆို့မှုကို သက်တမ်းတိုးပေးမယ်လို့ ယူဆရပြီး သမ္မတ အိုဘားမား (Barack Obama) က လက်မှတ်ထိုးဖို့ သူ့ဆီကို ပို့ပေးမှာ ဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်းကလည်း မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရဆိုတဲ့ သီးခြား အရေးယူ ပိတ်ဆို့မှု တခုကို မစ္စတာ အိုဘားမားက သက်တမ်းတိုးခဲ့ပါတယ်။

XS
SM
MD
LG